" နွားနို့ကြော် (စပိန်)"
နွားနို့ကို အခဲဖြစ်အောင်လုပ်ကာ ဂျုံမှုန့်၊ ကြက်ဥတို့ဖြင့် ကပ်၍ ကြော်ပြီးနောက် cinnamon powder ၊ သကြားတို့ဖြင့်ကပ်ပြီးစားရသော စပိန်လူမျိုးများ၏ သရေစာလေးဖြစ်ပါတယ်။ cinnamon powder ၊ သကြားတို့ဖြင့် ကပ်ပြီးမစားလိုပါက အောက်ပါနည်းအတိုင်း bread crumb အုပ်ကြော်၍လည်း သုံးဆောင်နိုင်ပါတယ်။
***... နွားနို့အခဲ လုပ်ရန် လိုအပ်တာလေးတွေ…
1. နွားနို့ – 4 cups (1000 ml)
2. သကြား – 3/4 cups (180 ml)
3. cinnamon stick (သစ်ဂျပိုးခေါက်) – ၂ လက်မ အရှည်ခန့်
4. သံပရာခွံ (သို့) သံပရိုခွံ – ထမင်းစားဇွန်း ၁ ဇွန်းခန့် (အတွင်းအဖြူသား တတ်နိုင်သမျှ မပါအောင် ခွါယူပေးပါ။)
5. corn flour – ထမင်းစားဇွန်း ၁၃ ဇွန်း (195 ml)
2. သကြား – 3/4 cups (180 ml)
3. cinnamon stick (သစ်ဂျပိုးခေါက်) – ၂ လက်မ အရှည်ခန့်
4. သံပရာခွံ (သို့) သံပရိုခွံ – ထမင်းစားဇွန်း ၁ ဇွန်းခန့် (အတွင်းအဖြူသား တတ်နိုင်သမျှ မပါအောင် ခွါယူပေးပါ။)
5. corn flour – ထမင်းစားဇွန်း ၁၃ ဇွန်း (195 ml)
***... နွားနို့ကြော်ရန် လိုအပ်တာလေးတွေ…
1. နွားနို့အခဲ
2. ဂျုံမှုန့် (plain flour) – 2 cups (500 ml)
3. ကြက်ဥ – ၂ လုံး
4. bread crumb – 2 cups (500 ml)
5. ဆီ
2. ဂျုံမှုန့် (plain flour) – 2 cups (500 ml)
3. ကြက်ဥ – ၂ လုံး
4. bread crumb – 2 cups (500 ml)
5. ဆီ
#. နွားနို့ – 3 cups ၊ သကြား၊ cinnamon stick နှင့် သံပရာခွံကို medium heat ဖြင့် မွှေကျိုပေးပါ။ ဆူလာပြီးနောက် ၁၀ မိနစ်ခန့် ဆက်ကျိုထားပါ။ (မဝေကျအောင်၊ အိုးမကပ်အောင် သတိထားပါ။ လိုအပ်ပါက မီးအနည်းငယ်လျှော့ပေးပါ။)
#. ထိုအချိန်အတောအတွင်း ကျန်သည့်နို့ – 1 cup နှင့် corn flour ကို စလုံးစခုလုံးဝမကျန်ပဲ ကြေသွားအောင် ဖျော်ပေးပါ။ (ပုံပါ လက်မွှေတံ manual whisk သုံးပြီးဖျော်လျှင် လုံးဝအဖတ်မကျန်သလို၊ အကြေလည်းမြန်ပါတယ်။)
#. ပြီးနောက် ၁၀ မိနစ်ခန့် ဆက်ဆူအောင်ကျိုထားသော နွားနို့ထဲ လောင်း ထည့်၍ ၂ မိနစ်ခန့် အဆက်မပြတ်မွှေကျိုပေးပါ။
#. ၂ မိနစ်ခန့်ကျိုပြီး အော်ပုံပါအတိုင်းပျစ်လာလျှင်…
#. ထောပတ်သုတ်ထားသည့် ခွက်တစ်ခုထဲ လောင်းထည့်ကာ အအေးခံထားပါ။ (လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီအောင် ခွက်ကို ကိုင်ပြီး အနည်းငယ် လှုပ်ပေးပါ။)
#. အေးသွားပြီးနောက် ရေခဲသေတ္တာ fridge (ခဲသည့်အဆင့်မဟုတ်)ထဲ ၃ နာရီခန့်ထည့်ပြီးလျှင် ပန်းကန်ပြား တစ်ချပ်ထဲမှောက်ချပါ။
#. ဓါးကြီးကြီးဖြင့်လှီးကာ ဇွန်းကြီးပါးပါးပြားပြားဖြင့် မ ထုတ်၍…
#. မိမိကြိုက်နှစ်သက်သလိုအတုံးလေးများလှီးပါ။
#. အတုံး တစ်တုံးချင်းစီကို ဂျုံမှုန့်ဖြင့်လူးပါ။
#. ခလောက်ထားသော ကြက်ဥရည်တွင်နှစ်ကာ…
#. bread crumb ဖြင့်ကပ်ပါ။
#. ပြီးနောက် over medium heat ဖြင့်အပူပေးထားသော ဆီပူထဲ ဖြည်းဖြည်းချင်းထည့်ချကြော်ပေးပါ။
#. အောက်ပုံပါအတိုင်း ရွှေဝါရောင်ဖြစ်အောင် ဟိုဖက် ဒီဖက်လှန်ကာ ကြော်ပြီးလျှင် ဆီစစ်ဆယ်ထုတ်၍…
#. အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။




No comments:
Post a Comment