Sunday, June 14, 2015

အရသာ အရမ်းရှိတဲ့ ငါးပေါင်းလေး

မန္တလေးမှာ မိုးလေးကရွာသပေါ့
စနေမိုးလေး :):):)ကျေနပ်တယ်
ငါးကြင်းဖြူခုတ်သားကို ဆား အချိုမှုန့် နနွင်းတို့နဲ့နယ်နှပ်ထား ကင်ပွန်းချဉ်ရွက် ( အရင် ချဉ်ပေါင်ရွက်နဲ့ လုပ်စားနေကျ)
ရှမ်းနံနံ ပင်စိမ်း ဖက်ဖယ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်နီ ဖြူ ဂျင်း အားလုံးရောကြိတ် ငါးနဲ့ရော
ခရမ်းချဉ်သီး လှီးထည့် ငရုတ်သီးအကြမ်းမှုန့်ထည့် ရောနယ်ဆီလေးနည်းနည်းထည့် ဆန်လှော်မှုန့် ကော်မှုန့်လေးနဲနဲ ထည့် သကြားနဲနဲထည့်ပါတယ်
ပေါင်းရင် အချို
အငန်ပေါ့တတ်လို့ သကြားကူ ဆားလေး ကဲ ထားပါတယ်
ငှက်ပျောရွက်ကို မီးပြပျော့သွားအောင် ငါးတတုံး အနှစ်လေးအပေါ်က ပုံပြီး ထုပ်ပါတယ်
သွားကြားထိုးတံနဲ့ ထိန်းပေးပါ
ရေနွေးပွက်ပွက်ဆူ အောက်မှာခံပြီး ငါးထုပ်လေးတွေ စီထည့်ပေါင်းပါတယ်
ရဲယိုရွက်နဲ့ ထုပ်လည်း ရတယ်လေ
ငါးဖယ်ကိုပေါင်းချင်လည်း တမျိုးလေးပေါ့နော်
ပေါင်းပြီးရင်တော့ ချဉ်ချဉ်စပ်စပ် ငှက်ပျောရွက်နံ့လေးမွှေးနေတဲ့ အရသာ အရမ်းရှိတဲ့ ငါးပေါင်းလေးကို ဖြည်စားရုံပဲပေါ့ အခုလို မိုးလေးအေးနေတော့ အလိုက်ဖက်ဆုံး ကောင်းမှကောင်းလေးပဲပေါ့ရှင်

No comments:

Post a Comment