Wednesday, June 10, 2015

နိုင်လွန်ပုဇွန် ကြက်သားပေါင်း ပုဇွန်ကပ်

သူငယ်ချင်းတို့တွက်..မနက်စာ..Home made Dim Sum လေးပါ..
နိုင်လွန်ပုဇွန်
ကြက်သားပေါင်း ပုဇွန်ကပ်
ပေါင်မုန့်ပုဇွန်ကပ် လေ..စာပါဦးရှင့်
နိုင်လွန်ပုဇွန် (Har Gau Dim Sum)
********** **********
ပြု လုပ်နည်းအပြင်အခွံပါဝင်သောပစ္စည်းများ( ၁၂ ခုစာ)
Wheat Starch – ၄ ဇွန်း( စားပွဲတင်ဇွန်း)
Topioca Flour – ၂ ဇွန်း( စားပွဲတင်ဇွန်း)
ဆီ – ၁ဇွန်း အချိုဇွန်း
ရေနွေး ဆူးဆူး– ၇ ဇွန်း / ၈ဇွန်း (စားပွဲတင် ဇွန်း)
(ကျမ က grams က၇င် ဇွန်း convert လုပ်ပီးသုံးပါတယ်..Scale machine မ၇ှိလို့ပါ..)
Scale machine သုံးသူများတွက်အပြင်အခွံ တွက် Original အချိုးပါ
********** ********** **********
60 grams wheat starch
25 grams tapioca flour
1 tsp oil
100 ml boiling water
ဌာပနာအစာ ပါဝင်သောပစ္စည်းများ
********** **********
ပုဇွန်အသေး – ၁၀ကောင်ခန့်ေ၇စစ်ထား ပီး (ဓားနုတ်ပေါက်ထား)
ဆား- ဇွန်းလေးပုံတစ်ပုံ(အချိုဇွန်း)
နှမ်းဆီ – ဇွန်းဝက်(အချိုဇွန်း)
သကြားဖြူ – ဇွန်းဝက်(အချိုဇွန်း)
ဥနီ - လက်တစစ်ခန့်(ဓားနုတ်ပေါက်ထား /ခြစ်ထား)
၁) ခွက်၁ခုထဲတွင်အထက်ပါဌာပနာအစာ ပါဝင်သောပစ္စည်းများရောမွှေထားပီးေ၇ခဲသတ္တာတွင် ၂၀မိနစ်ခန်. ထားပါ ။ဒါမှ စားရင် ပုဇွန်က ကျွတ်ဆတ်ဆတ်နဲ့ ထုပ်ထုပ်ခလေးဖြစ်စေပါတယ်..။
အပြင်အခွံ ပြုလုပ်နည်း
*******************
*https://youtu.be/3mBD2i7cZdM မှာ ကြည့်လို့၇ပါတယ်..။
၁)ပထမဆုံးဇလုံတစ်ခုထဲတွင် ဂျုံးများသမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ရေနွေးဆူးဆူး နှင့် ဆီထည့်ကာ တူ(သို့) သစ်သားဇွန်းဖြင့် နှံ့အောင်မွှေပေးပါ။ ဂျုံးသားများချောမွတ်လာရင် အ၀တ်စိုဖြင့် 5မိနစ်ခန်.ဖုံးထားပါ။
၂) ပြီးမှ ဂျုံးကို လုံးပတ် အချင်း၈ စင်တီ အနေခန့် အလျား ၆လက်မ အရှည် Video ပါအတိုင်း လှိမ့်ပါ။ အလယ်ကတဝက် ဝက်ပါ။ တပိုင်းစီက ဝက်စီ ဝက်သော နည်းဖြင့် ၆ ပိုင်း စုစုပေါင်း ၁၂ ခု အပိုင်းလေးများပိုင်းပါ။
၃)ပီးရင်လက်ကို ဆီဆွတ်ကာ အပြားလေးများ အဝိုင်းသဏ္ဍန်ပြားပါ။ ဒလှိမ့်တုန်း(သို့) ဓါးပြားဖြင့် အ၀ိုင်းသဏန် လိမ့်ပေးပါတယ်။ ပြီးမှ အစာကိုအလယ်မှာထားပါ။ပေါင်းအိုးဖြင့် ၁၅ မိနစ်ခန့်ပေါင်းလိုက်ပြီး ပူပူနွေးနွေး စား နိုင်ပါပြီ။ သူငယ်ချင်းများစားကောင်းပါစေ၇ှင့် smile emoticon heart emoticon
********** ********** **********မှတ်ချက်**********
၁) အပြင်အခွံတွက်..အနားများကို ပါးအောင် ပြားချပါ..။ထူ၇င် စား၇တာ..မာမာကြီးဖစ်နေပါ့မယ်..။
၂)ဌာပနာတွင်ကြိုက်၇င်ထည့် နှိုင် (ကျမ မထည့်ပါ )
ကြက်သားမှုန့် – ၁ဇွန်း(အချိုဇွန်း)
ကော်မှုန့် – ၁ဇွန်း(အချိုဇွန်း)
ဟင်းချက်ဝိုင်(သို့)ရှယ်ရီဝိုင်- ၁ဇွန်း(စားပွဲတင်)
၃)Wheat Starch နဲ့ Topioca Flour ကို..City Mark ဂျုံးတန်းတွင်၇နှိုင်ပါတယ်..။
Like · 

No comments:

Post a Comment