အရသာရှိသော ၀က်သားဒုတ်ထိုးလုပ်နည်း ( ကြက်ပြုတ်ရေ ဖြင့် )
=============================================
တရုပ်ချက်နည်း စာအုပ်ထဲ ကနေ မှီ ပြီး ကိုယ့် ဘာသာ စမ်းလုပ် ကြည့် ခဲ့ပါတယ်။အဓိ ကတော့ ကြက်ပြုတ်ေ၇ဖြင့် ၀က်သားကို အချို ယူတာပါ။
ဒုတ်ထိုး တခြင်း အော်ဒါ မှာမယ်ဆို ဆိုမနည်းပေးရတယ် ။နောက်ပြီးရောင်းတန်းတွေက အချိုမှုန့်တွေ အရမ်းသုံးတယ်။သက်လည်းသက်သာ ကောင်းကောင်းလဲ အားလုံး စားရအောင် ကိုယ်တိုင်လုပ်ကြည့်ပါ။ နဲနဲတော့ စိတ်ရှည်ရပါတယ် ။
► ၀က်သားဒုတ်ထိုးလုပ်မည့် အသားများ ခေါင်း ကလီစာများ ၀ယ်ပါ။
► ကြက် ခပ်နုနု အကောင်ကြီးကြီး အရိုးများ ခေါင်းခြေထောက်များဝယ်ပါ။
► ရေနွေးအိုးတည်ရ်ျ ကြက် ငရုပ်ကောင်း အစေ့လိုက် ချင်း ဓားပြားရိုက်ထည့် ပါ။ လေးညှင်း ၂ပွင့် ကြက်သွန် ဖြူ ဥ ကို အခွန် မနွာပဲ ထည့်ပါ။ (ရှိလျင် တော အရက် ဦးရေ တခွက်လောက်ထည့်ပါ )
► ပွက်ပွက်ဆူလာလျင် ကြက် အရိုးများ ခေါင်းခြေထောက်များ ထည့်ရ်ျ မီးအေးအေးဖြင့် ၈ နာရီခန့် ပြုတ်ပါ။ပြီးလျင် အရည်ကို စစ်ယူပါ။
► ရေနွေး အိုးတည် ပါ။ ပွက်ပွက် ဆူလျင် ၀က် အသားများ ခေါင်း ကလီစာများ ထည့်ရ်ျ ချလိုက်ပါ။
► နောက် ပထမ ရေများအားလုံး ကို သွန်လိုက်ပါ။ဆား ငရုပ်ကောင်းမှန့် အချိမှုန့် တို့ ဖြင့်နယ်ပါ ။ ခဏနှပ်ထားပါ။( အချိမှုန့် မသုံးလျင်လဲ ရပါသည် )
► ကြက်ပြုတ်ရည် ထဲကို ၀က် အသားများ ခေါင်း ကလီစာများ ထည့် ရ်ျ မီးအေးအေးဖြင့် ၂ နာရီခန့် ပြုတ်ပါ။( သတိပြုရန်မှာ ) ရေခန်းအောင် မပြုတ်ရပဲရေကျန်ရပါမည် ။ အသားများ စားရ်ျ ၇သော အနေအထားဖြစ်ရပါမည် ။ ရေခန်းအောင်ပြုတ်လျင် ၀က်သားများ ချွဲ တတ်ပါသည်။
► အချို ၇ည်များ ၀င်ထားသော ၀က် အသားများ ခေါင်း ကလီစာများ ဆယ်ယူ ထားပါ။
► ဒယ်အိုးတလုံးထဲ ဆီ အနည်းငယ်ထည့်ပါ။ ဆီပွက်လာလျင် သကြားသင့်တော်ရုံ ထည့်ပါ။ နောက် အချို ၇ည်များ ၀င်ထားသော ၀က် အသားများ ခေါင်း ကလီစာများ ထည့်ရ်ျ အိုးကပ်လှိမ့်ပါ။
► ထောင်းထားသော ချင်း ငရုပ်ကောင်း တရုပ်ပဲငံပြာရည် အကောင်းစား တို့ ကို ထည့် ပြီး မွှေပါ။
► ၀က်သားများ အနီရောင်သန်း လာလျင် ရေ အနည်းငယ်ထည်းပေးပါ။ မီးမြှင်း မြှင်းလေးဖြင့်ထားပြီး ပွက်လာလျင် ဒါးဖြင်လှီး ကာ အချည်ရေဖြင့် သုံးဆောင်နိုင်ပါပြီ။
► ( အချည်ရေကိုတော့ သကြား ငရုပ်ကောင်း ချင်း ကြက်သွန်ဖြူ ခရုပ်သီးစိမ်း မကျည်းရည် အပြင်မှ ငရုပ်ဆီ အနည်းငယ် ပဲငံပြာရည် အကြည် တို့ စပ်ပြီး လုပနိုင်ပါတယ် )

( မတည့် လို့ မလုပ်စားတာကြောင့် ကိုယ်တိုင်လုပ် photos မထည့်နိုင်ပါ ) Google ထဲ ကပုံတွေ ပဲ သရေကျအောင်ထည့်ပေး လိုက်ပါတယ် ။
ဖတ်ရှုတဲ့ အတွက်ကျေးဇူးပါ ။

No comments:
Post a Comment