Saturday, June 6, 2015

ကက်သဘိုးငါးငပိချက်

ကက်သဘိုးငါးငပိချက်
ကက်သဘိုးငါး. (၃၀)ကျပ်သား
ပုစွန်ငပိ. စားပွဲတင်ဇွန်းဝက်
ငပိရေကျို(ကျိုချက်ပီး) လက်ဖက်ရည်ပန်းကန်လုံး(၁)လုံး
ငရုတ်သီးစိမ်း. (၁၅)တောင့်
ရှမ်းနံနံ. (၂)စည်း
ငရုတ်ပုခြောက်. (၃)တောင့်
ကြက်သွန်နီ. (၃)လုံး
ဆီ. စားပွဲတင်ဇွန်း(၅)ဇွန်း
၁။ကက်သဘိုးငါးလေးများကိုအကြေးခွံထိုးဗိုက်ဖောက်၍သန့်စင်ပီးရေစင်အောင်ဆေးပါ။အကောင်ကြီးလျှင်အတုံးလေးများတုံး၍အရသာမှုန့်၊နနွင်းမှုန့်၊ဆားတို့ဖြင့်နယ်ထားပါ
၂။ငရုတ်ပုခြောက်ကိုရေစိမ်၍အစေ့ထုတ်ပီးကြက်သွန်နီနှင့်ရောကာညက်နေအောင်ထောင်းပါ။ငရုတ်သီးစိမ်းကိုလည်းမညက်တညက်ထောင်းထားပါ
၃။ဒယ်အိုးထဲတွင်ဆီထည့်၍အပူပေးပီးဆီပူလျှင်ထောင်းထားသောငရုတ်သီးကြက်သွန်အနှစ်များကိုထည့်၍ဆီသတ်ပါ။ကြက်သွန်ကြွပ်ခါနီးလျှင်မီးလျှော့၍ပုစွန်ငပိထည့်ကာဆီသတ်ပါ
၎။အနံ့မွှေး၍အနှစ်များကြွပ်လာလျှင်ငါးများထည့်လုံးပါ။ငါးအသားများအရောင်ပြောင်းလာလျှင်ငပိရေကျိုနှင့်ငရုတ်သီးစိမ်းထောင်းများကိုထည့်၍တည်ပေးပါ။ထို့နောက်ရေကိုနည်းနည်းချင်းစီထည့်၍ငါးအသားနူးအောင်တည်ပေးပါ
၅။ငါးအသားများနူးလျှင်မိမိလိုသလောက်ရေထည့်၍ဆူလာလျှင်အရသာမြည်းပီးရှမ်းနံနံကိုပါးပါးလှီး၍အုပ်လိုက်ပါ။အနံ့မွှေးမွှေးလေးနှင့်ငါးငပိချက်လေးကိုနှစ်သက်ရာတို့စရာအစုံအလင်နှင့်သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment