Saturday, June 6, 2015

ငါးသလောက်ဟင်း

ငါးသလောက်ဟင်း
ငါးသလောက်. (၅၀)ကျပ်သား
ငါးသလောက်ဥ. (၁၅)ကျပ်သား
ခရမ်းချဉ်သီး. (၄)လုံး
မန်ကျည်းမှည့်ရည်. အနည်းငယ်
နံနံပင်. အနည်းငယ်
ဆီ. (၅)ကျပ်သား
ငရုတ်ပွခြောက်. (၄)တောင့်
ကြက်သွန်နီ. (၅)လုံး
၁။ငါးသလောက်ကိုအကြေးခွံချွတ်၍လိုသလိုတုံးပီးရေဆေးကာငံပြာရည်၊နနွင်းမှုန့်၊အရသာမှုန့်၊ဆားတို့ဖြင့်နယ်ထားပါ။ငါးသလောက်ဥကိုလည်းရေဆေးကာအရသာနယ်ထားပါ
၂။ခရမ်းချဉ်သီးကိုပါးပါးလှီး၍ငရုတ်ပွခြောက်ကိုအစေ့ထုတ်ရေစိမ်ကာကြက်သွန်နီနှင့်ညက်အောင်ရောထောင်းပါ။
၃။ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ထောင်းထားသောအနှစ်များထည့်၍ဆီသတ်ပါ။ထို့နောက်ကြက်သွန်ကြွပ်၍အနံ့မွှေးလာလျှင်ခရမ်းချဉ်သီးထည့်ပါ။ခရမ်းချဉ်သီးကျေ၍အနှစ်ရလျှင်ငါးသလောက်ဥထည့်ကာအနည်းငယ်မာသည်အထိချက်ပေးပါ
၎။ထို့နောက်ငါးသလောက်အသားများကိုထည့်၍လုံးပေးပီးငါးနူးစေရန်ရေကိုနည်းနည်းချင်းစီထည့်ချက်ပေးပါ။ထို့နောက်မီးလျှော့၍ငါးသလောက်ဥကိုဓားဖြင့်အတုံးလေးများပိုင်းပေးပါ။ငါးအသားနူးလျှင်မန်ကျည်းမှည့်ရည်ထည့်တည်ကာရေကိုလိုသလောက်ထည့်ပီးအရသာစိတ်ကြိုက်ဖြစ်လျှင်နံနံပင်အုပ်ကာငပိရည်တို့စရာအစုံဖြင့်သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment