Wednesday, June 10, 2015

နန်ကထိုင်လေး

သူငယ်ချင်းတို့ရေ.....
ဒီနေ့ နေ့လည်မုန့်အတွက် လုပ်ရတာလည်းလွယ် စားလို့လဲ အရသာရှိတဲ့ Ovaltine နန်ကထိုင်လေး လုပ်ထားပါတယ်။ သူငယ်ချင်းတို့ကို မုန့်လုပ်နည်းလေး ပြောပြချင်ပါတယ်နော်....
ဂျူံ မုန့် ၆ စွန်း
Ovaltine Malted Milk ၃ စွန်း
သကြား ၂ စွန်း ဆားနည်းနည်း (ရောထာင်းပြီး ညှက်လျှင် ဇကာတိုက်ချထားပါ) သို့မဟုတ် (ကြိတ်စက်နဲ့ ကြိတ်ပါ)
ထောပတ် ထမင်းစားဇွန်း ၁စွန်း
ဆီ လိုသလောက်(နယ်ကောင်းရုံ)
ဂျူံ မှုန့် Ovaltineမှုန့် သကြားတို့ကို ဇလုံတခုထဲ ထည့်မွှေပါ ထောပတ်နဲ့ဆီ ထည့်နယ်ပါ။ အားလုံးနှံ့ပြီး အလုံးလိုက်ရလျှင် မုန့်အရွယ်လေးတွေ လုံးပြီး
နနွင်းမကင်းလုပ်သည့်ဗန်းထဲ စီထည့်ပြီး လက်နဲ့အနည်း နည်း ဖိပေးပါ။ လက်တလုံးစီလောက်ခြားထားပါ။
ပြီးလျှင် အေပၚမီးမ် ားမ် ား အောက်မီး နည်းနည်း(မရှိသလောက်) နဲ့ ၇မိနစ်လောက်ဖုတ်ပါ။ မုန့်မှာ ဗြုတ်လေးတွေထလာရင် ကျက်ပါပြီ။oven နဲ့ဆို ၂မိနစ်လောက်ပဲဖုတ်ပါ။ မုန့် အေးမှ ခွာယူပါ။
ချောကလတ် အရသာလိုချင်ရင် မုန့်နယ်သည့်ထဲ Ovaltine ချောကလတ် အထုပ်သေးလေး ၁ထုပ်
ထည့်နယ်ပါ။
တခါမှ မတင်ဖူးလို့ ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ပါနော်
Like · 

No comments:

Post a Comment