Saturday, June 6, 2015

ဘဲပေါင်းမှိုအရည်သောက်

ဘဲပေါင်းမှိုအရည်သောက်
ဘဲသား(ရင်ပုံ) တစ်ခြမ်း
ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း(၂)ဇွန်း
ချင်းအရည် စားပွဲတင်ဇွန်း(၂)ဇွန်း
သကြား စားပွဲတင်ဇွန်းဝက်
ရှီတာကီမှိုခြောက် (၅)ခု
ကြက်သွန်ဖြူ (၄)မွှာ
ချင်း လက်တစ်ဆစ်
ဆီ စားပွဲတင်ဇွန်းဝက်
ကြက်သွန်မြိတ် အနည်းငယ်
၁။ပထမဦးစွာဘဲသားကိုအခြမ်းလိုက်ရေဆေး၍စစ်ပီးပဲငံပြာရည် ချင်းအရည် သကြား ဆားအနည်းငယ်တို့ဖြင့်နယ်ကာရေခဲသေတ္တာထဲတွင်(၁)နာရီခန့်နှပ်ထားပါ
၂။ထို့နောက်( Pressure Cooker )ထဲသို့ထည့်၍ရေမြုပ်အောင်ထည့်ပီးမီးအသင့်အတင့်ဖြင့်မိနစ်(၄၀)ခန့်ပေါင်းပေးပါ
၃။ရှီတာကီမှိုခြောက်များကိုရေနွေးဆူဆူတွင်မိနစ်(၂၀)ခန့်ပြုတ်၍မထူမပါးလေးများလှီးထားပါ
၎။ဘဲအသားများနူးလျှင်အအေးခံ၍ဆယ်ပီးအတုံးလေးများလှီးပေးထားပါ
၅။ဆီကိုအပူပေး၍ချင်းနှင့်ကြက်သွန်ဖြူဓားပြားရိုက်ကိုထည့်ကာဆီသတ်ပါ။အနံ့မွှေးလာလျှင်ရှီတာကီမှိုခြောက် အရသာမှုန့် ဆားအနည်းငယ်တို့ကိုထည့်၍(၁)မိနစ်ခန့်ကြော်ပေးပါ
၆။ပီးနောက်ဘဲအသားတုံးများနှင့်မှိုများကိုဘဲပေါင်းအရည်အိုးထဲသို့ပြန်ထည့်၍တည်ပေးပါ
၇။ပွက်ပွက်ဆူလာ၍အရသာစိတ်ကြိုက်ဖြစ်လျှင်ကြက်သွန်မြိတ်အုပ်ပေးပီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပီ

No comments:

Post a Comment