Saturday, June 6, 2015

မှိုကန်စွန်းအစပ်ချက်

မှိုကန်စွန်းအစပ်ချက်
တောင်ပို့မှို. (၂)စည်း
ကန်စွန်းရွက်. (၁)စည်း
ငရုတ်သီးစိမ်း. အနည်းငယ်
ကြက်သွန်နီ. (၂)လုံး
ကြက်သွန်ဖြူ. (၅)မွှာ
ငရုတ်ပွခြောက်. (၂)ခု
ဆီ. (၅)ကျပ်သား
၁။တောင်ပို့မှိုများကိုရေဖြင့်စင်အောင်ဆေး၍အပိုင်းလေးများဖြတ်ထားပါ။ကန်စွန်းရွက်ကိုအရွက်များဖယ်၍အရိုးကိုထုပီးအပိုင်းလေးများလှီးပါ(နှစ်သက်လျှင်အရွက်များပါထည့်လို့ရပါသည်)။ထို့နောက်ရေဆေး၍စစ်ထားပါ
၂။ငရုတ်ပွခြောက်ကိုအစေ့များထုတ်၍ရေစိမ်ကာကြက်သွန်ဖြူနီရောပီးညက်အောင်ထောင်းပါ
၃။ဒယ်အိုးထဲတွင်ဆီထည့်၍အပူပေးပီးဆီပူလျှင်နနွင်းမှုန့်အနည်းငယ်ထည့်ကာထောင်းထားသောအနှစ်များကိုဆီသပ်ပါ။
၎။ကြက်သွန်ကြွပ်၍အနံ့မွှေးလာလျှင်မှိုများကိုထည့်၍လုံးပေးပါ။ထို့နောက်ငရုတ်ဆုံဆေးရေထည့်၍အဖုံးအုပ်ကာတည်ပေးပါ
၅။မှိုနူးခါနီးလျှင်ကန်စွန်းရိုး၊အရသာမှုန့်၊ဆားတို့ကိုထည့်ပီးသမအောင်မွှေ၍(၂)မိနစ်ခန့်အဖုံးဖုံး၍ချက်ပေးပါ
၆။အရသာစိတ်ကြိုက်ဖြစ်လျှင်ငရုတ်သီးစိမ်းအုပ်ပေးပီးသုံးဆောင်လို့ရပါပီ

No comments:

Post a Comment