Saturday, June 6, 2015

Coconut Cream Agar Agar with Dragon Fruit Jelly in Steamed Pumpkin

Coconut Cream Agar Agar with Dragon Fruit Jelly in Steamed Pumpkin
ရွှေဖရုံသီးကိုပေါင်းပီးအုန်းနို့ကျောက်ကျောလောင်းထည့်အအေးခံပီးမှနဂါးမောက်သီးအနီနဲ့ဂျယ်လီလေးကြိုထပ်လောင်းထားတာပါ
ရွှေဖရုံသီး. (၁)လုံး
၁။ရွှေဖရုံသီးကိုပုံတွင်ပါသည့်အတိုင်းအပေါ်မှအပေါက်ဖောက်၍အစေ့များကိုဇွန်းဖြင့်ခြစ်ထုတ်ပါ
၂။ထို့နောက်ရေစင်အောင်ဆေး၍အဝကျယ်ပန်းကန်လုံးထဲသို့ထည့်ပါ။ထို့နောက်ရေနွေးငွေ့ဖြင့်(၃၀)မိနစ်ခန့်ပေါင်းပေးထားပါ
အုန်းနို့ကျောက်ကျောမှုန့် (၁)ထုပ်
အုန်းနို့. (၁)လီတာ
ရေ. (၁)လီတာခွဲ
သကြား. (၂၅)ကျပ်သား
ဆား. အနည်းငယ်
၁။အုန်းနို့၊ရေ၊သကြားနှင့်ဆားတို့ကိုဆူအောင်တည်ပေးပါ
၂။ပွက်လာလျှင်ကျောက်ကျောမှုန့်ထည့်၍မိနစ်(၂၀)ခန့်အဆက်မပြတ်မွှေပေးပါ။အရည်များကြွက်မြီးတန်းလာလျှင်ပေါင်းထားသောဖရုံသီးထဲသို့ထည့်ပါ။
၃။အပေါ်မှဂျယ်လီလောင်းရန်နေရာအနည်းချန်ထားပါ။
၎။ပိုသောကျောက်ကျောအရည်များကိုကျောက်ကျောဗန်းတခုထဲသို့ထည့်၍အအေးခံထားပါ
ကျောက်ကျောများခဲစပြုလာလျှင်ဂျယ်လီစကြိုရပါမယ်
ဂျယ်လီချောင်း. (၁)ထုပ်
နဂါးမောက်သီးအနီ. (၁)လုံး
ရေ. (၁)လီတာခွဲ
သကြား. အနည်းငယ်
၁။နဂါးမောက်သီးကိုအခွံခွာ၍ကြိတ်စက်ဖြင့်အရည်ကြိတ်ထားပါ
၂။အိုးတစ်လုံးထဲတွင်ဂျယ်လီချောင်း၊သကြား၊ရေတို့ကိုထည့်၍ဂျယ်လီချောင်းပျော်သည်အထိ(၁၅)မိနစ်ခန့်ကျိုပေးပါ
၃။ဂျယ်လီချောင်းပျော်သွားလျှင်နဂါးမောက်သီးအနှစ်များထည့်၍မွှေပေးကာရွှေဖရုံသီးထဲရှိအုန်းနို့ကျောက်ကျောပေါ်သို့လောင်းထည့်ပီးအအေးခံပါ။
၎။ပိုသောဂျယ်လီအရည်များကိုဗန်းထဲရှိကျောက်ကျောပေါ်သို့လောင်းချကာအအေးခံထားပါ
အုန်းနို့ကျောက်ကျောဂျယ်လီများခဲသွားလျှင်စိတ်ကြိုက်ပုံစံလှီး၍သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment