Saturday, June 6, 2015

ရွှေဖရုံသီးပူတင်းအစာသိပ်ပေါင်း

ရွှေဖရုံသီးပူတင်းအစာသိပ်ပေါင်း
ရွှေဖရုံသီး(လတ်). (၁)လုံး
နွားနို့. (၃၀)ကျပ်သား
ကြက်ဥ. (၃)လုံး
သကြား. စားပွဲတင်ဇွန်း(၃)ဇွန်း
ဆား. အနည်းငယ်
၁။နွားနို့၊သကြားနှင့်ဆားကိုရော၍(၁၅)မိနစ်ခန့်မီးအေးအေးနှင့်ကျိုပါ။ထို့နောက်အအေးခံထားပါ
၂။ကြက်ဥကိုပန်းကန်လုံးတစ်လုံးထဲတွင်ကျေအောင်ခေါက်ထားပါ
၃။နွားနို့အေးလျှင်ကြက်ဥနှင့်ရော၍သမအောင်မွှေထားပါ
၎။ရွှေဖရုံသီးကိုပုံတွင်ပါသည့်အတိုင်းအပေါ်မှအပေါက်ဖောက်၍အစေ့များကိုဇွန်းဖြင့်ခြစ်ထုတ်ပါ။ထို့နောက်ရေစင်အောင်ဆေး၍အဝကျယ်ပန်းကန်လုံးထဲသို့ထည့်ပါ
၅။ပီးနောက်ပူတင်းအရည်များကိုရွှေဖရုံသီးထဲသို့ထည့်၍ရေနွေးပေါင်းခံအိုးထဲတွင်(၁)နာရီခွဲခန့်ပေါင်းပေးပါ
၆။ပူတင်းသားမာလာလျှင်အအေးခံပီးသုံးဆောင်နိုင်ပါပီ

No comments:

Post a Comment