Wednesday, June 10, 2015

ယိုးဒယား ငါးပိထောင်းနည်း

ယိုးဒယား ငါးပိထောင်းနည်းမေးထားကြတဲ့ fri များအတွက်..ထောင်းနည်းရေးပေးမယ်နော်
ပုဇွန်ခြောက်..ထမင်းစားဇွန်း၃ဇွန့်ကိုရေစင်အောင်ဆေးပြီး.ငရုပ်ဆုံထဲထည့်ထောင်ပါကြက်သွန်ဖြူ ၈မွှာခန့်ငရုပ်သီးစိမ်း၁၀တောင့်..မျှင်ငါပိ ထမင်းစားဇွန်းတစ်ဇွန်းခန့်ကိုမီးဖုတ်ပြီးရောထောင်းပါ.(ထန်းလျှက်ထမင်းစားဇွန်း ၁ဇွန်း.(သို)တစ်ခဲ....).ငံပြာရည် ၁ဇွန်း.ခရမ်းခစော့သီးအညှာခြွေပြီးသားလက်တစ်ဆုပ်ခန့်ထည့်ထောင်းပြီးသံပုရာသီး၂လုံးခန့်အရည်ညှစ်ထည့်ပြီး.စားသုံးနိုင်ပါပြီးတွဲဖက်စားမဲ့အရာတွေကတော့ပုံထဲကအတိုင်းပါဘဲ..ပလာတူးငါးအကြွတ်ကြော်ဆူးပုပ်ရွက်ကြက်ဥကြော်နဲ့..အသီးအရွက်များနှစ်သက်သလို.တွဲဖက်ပြီးစားနိုင်ပါတယ်ရှင့်...အစပ်ကြိက်သူများငရုပ်သီးပိုထည့်ပါ....မကြိုက်သူများလျော့ထည့်ပြီးဒီနည်းအတိုင်းထောင်းစားနိုင်ပါတယ်ရှင့် ခရမ်းခစော့သီးမကြိုက်သူများမထည့်လဲရပါတယ်ရှင့်:-)အရောင်ရဲနေတာက ငရုပ်သီးအနီတောင့်တွေနဲ့ထောင်းထားလို့ပါ.ကင်မရာကြောင့်လဲအရောင်ပိုပြီးရဲသွားတာဖြစ်နိုင်ပါတယ်ခရမ်းချဉ်သီးမထည့်ရပါဘူးရှင့်:-) ..သိထားသလောက်လေးမျှဝေပေးရခြင်းပါ.smile emoticon
Like · 

No comments:

Post a Comment