ညစာ မစုံမလင် ကပ်ကျေးကိုက်ပါရှင် smile emoticonအိမ်မှာရှိတဲ့ ကြက်သား,ဝက်အူချောင်း,ပဲပြုတ်နဲ့ ကြက်ဥဘဲ ပါပါတယ်အမြင်မလှပေမဲ့ တကယ်အရသာရှိတဲ့ ကပ်ကျေးကိုက်လေးပါရှင်ကပ်ကြေးကိုက်ကြော်နည်း
ကိုယ်ထည့်မယ့် အသား သို့ sea food များကို စင်ကြယ်စွာကိုင်ပီး ဆား နယ်ထားပါ အိုးတလုံးထဲ ဆီထည့် ဆီဆူရင် ကြက်သွန်နီ မထူမပါးလှီးထည့်ပီးဆီသတ် အသား သို့ seafood များထည့်ကြော်ပီး ကျက်ရင် ညှပ်ဖက်များထည့် ပဲငံပြာရည် အကြည်အနောက်ထည့် မွှေ ပအုန်းရည် သို့ မဟုတ် ရှလကာရည်ထည့် ခဏမျှမွှေပေးပီးရင် ခေါက်ဆွဲများတဖက်ကပ်ပြီး ကြက်ဥ သို့ ဘဲဥ ထဲ့ကြော် ကျက်ရင် ညှပ်ဖက်များနဲ့ ပြန်ရောမွှေပီး ပဲပြုတ်ထည့်မွှေပါ ခဏအကြာ ပဲပင်ပေါက်ထည့်ပါ ၁ မိနစ်ခွဲခန့်မွှေပေးပီး ကြက်သွန်မိတ်နဲ့ ငရုပ်ကောင်းမှူန့်ဖြူးပီးချပါ
ကျမ သိသလောက်နည်းလေးပါ
အချဉ်အတွက်
ပဲပင်ပေါက်အနဲငယ်ထဲသို့ ဆား ငရုပ်အစိမ်းမှူန့်အနဲငယ် ပအုန်းရည်အနဲငယ်ရောမွှေပါ
No comments:
Post a Comment