Saturday, June 6, 2015

စမူဆာကြော်နှင့်မန်ကျည်းအချဉ်ရည်

စမူဆာကြော်နှင့်မန်ကျည်းအချဉ်ရည်
စမူဆာကြော်
စမူဆာဖက်ရွက်. (၃၀)ခု
ကြက်သွန်နီ. (၈)လုံး
အာလူး. (၃၀)ကျပ်သား
ပျဉ်းတော်သိမ်ရွက်. အနည်းငယ်
မဆလာ. စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
ဆီ. (၁၅)ကျပ်သား
ကော်မှုန့်. အနည်းငယ်
(ရေနှင့်မပျစ်မကျဲဖျော်ထားပါ)
၁။ကြက်သွန်နီနှင့်အာလူးကိုအခွံနွှာ၍ရေဆေးပီးအတုံးသေးလေးများတုံးပါ။ပျဉ်တော်သိမ်ရွက်ကိုရေဆေးပီးပါးပါးလှီးပါ
၂။ပန်းကန်တခုထဲတွင်ကြက်သွန်နီ၊အာလူး၊ပျဉ်းတော်သိမ်ရွက်၊မဆလာ၊အရသာမှုန့်၊ဆားအနည်းငယ်တို့ကိုထည့်၍သမအောင်နယ်ထားပါ
၃။စမူဆာဖက်ရွက်ထဲသို့နယ်ထားသောအစာများကိုတစ်ခုစာစီထည့်၍တြိဂံပုံခေါက်ပီးအနားစွန်းများကိုကော်ရည်သုတ်၍လုံအောင်ထုပ်ပေးပါ
၎။ထို့နောက်ဆီပူပူတွင်မီးအေးအေးဖြင့်အရောင်ရဲ၍ကြွပ်လာသည်အထိကျက်အောင်ကြော်ပေးပီးဆယ်၍စစ်ထားပါ
မန်ကျည်းအချဉ်ရည်
မန်ကျည်းသီးမှည့်. အနည်းငယ်
ထန်းလျက်ခဲ. (၂)လုံး
ငရုတ်သီးစိမ်း. (၁၅)တောင့်
ကြက်သွန်ဖြူ. (၃)မွှာ
နံနံပင်. အနည်းငယ်
ရေ. ပန်းကန်လုံး(၁)လုံးခွဲ
၁။မန်ကျည်းသီးမှည့်ကိုရေနှင့်ဖျော်၍ထန်းလျက်ခဲထည့်ပီးမီးဖိုပေါ်တွင်မီးအေးအေးနှင့်တည်ပေးပါ။
၂။ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ဆားအနည်းငယ်၊နံနံပင်တို့ကိုရော၍ကြိတ်ပီးပန်းကန်ထဲသို့ထည့်ထားပါ
၃။မန်ကျည်းမှည့်ရည်ပျစ်လာလျှင်မီးပိတ်၍ထိုပန်းကန်ထဲသို့လောင်းထည့်ကာမွှေပီးစမူဆာကြော်ပူပူလေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပီရှင်

No comments:

Post a Comment