Saturday, June 6, 2015

ထိုင်းစတိုင်ငုံးဥကြော်သုပ်

ထိုင်းစတိုင်ငုံးဥကြော်သုပ်
ငုံးဥ. (၂၀)လုံး
ကြက်သွန်နီ. (၁)လုံး
သခွားသီး. အနည်းငယ်
ငရုတ်သီးစိမ်း. အနည်းငယ်
နံနံပင်. အနည်းငယ်
ယိုးဒယားငံပြာရည်. စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
သံပုရာရည်. စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
ထန်းလျက်ရည်. လက်ဖက်ရည်ဇွန်း(၂)ဇွန်း
ဆီ. စားပွဲတင်ဇွန်း(၅)ဇွန်း
၁။ဆီမကပ်ဒယ်အိုး(non stick pan)ထဲတွင်ဆီထည့်၍အပူပေးပီးဆီပူလျှင်ငုံးဥများကိုတစ်လုံးချင်းစီဖောက်ထည့်၍မကျက်တကျက်ကြော်ပါ။ထို့နောက်ပန်းကန်ပြားထဲတွင်စီ၍ထည့်ထားပါ
၂။ပန်းကန်လုံးတခုထဲတွင်ငံပြာရည်၊သံပုရာရည်၊ထန်းလျက်ရည်၊ငရုတ်သီးစိမ်းပါးပါးလှီးတို့ကိုထည့်၍သမအောင်မွှေထားပါ။
ကြက်သွန်နီ၊သခွားသီးနှင့်နံနံပင်တို့ကိုပါးပါးလှီးပါ
၃။ထို့နောက်ငုံးဥကြော်ပေါ်တွင်ကြက်သွန်နီ၊သခွားသီးနှင့်နံနံပင်တို့ကိုဖြန့်၍တင်ပီးအပေါ်မှဆော့စ်လောင်းပေးကာသုံးဆောင်နိုင်ပါပီ

No comments:

Post a Comment