မိုးအေးအေးမှာ..ကော်ရည်ခေါက်ဆွဲဆို အဖော်တွေတစ်ယောက်တစ်ပွဲများစားချင်ကြမလားလို့စ်..... စားချင်ရင်ချက်နည်းပြောပြမယ်ဗျာ...ကြက်သားကိုပြုတ်ပြီးအသားနွှင်ထား အသားပြုတ်ရည်ကိုတစ်ပွဲစာအိုးထဲထည့် အရသာထည့် (ချိုမှုန့် ဆား (သို့)မိမိနှစ်သက်ရာအသားမှုန့်တစ်မျိုးမျိုး ) အရောင်အတွက်ပဲအနောက်ရည်နဲနဲထည့် ကန်စွန်းရွက်နဲ့ပဲပင်ပေါက်နဲနဲစီထည့် တစ်ချို့မှိုတွေဘာတွေစားချင်လည်းထည့်ပေါ့ တရုပ်မဆလာလေးနဲနဲဖြူး ဟင်းရည်ဆူလာရင်ကြက်ဥတစ်လုံးလေါက်ခေါက်ပြီးထည့်နဲနဲမွှေပေး ကော်ရည်ဖျော်ထားတာကိုနည်းနည်းချင်းလောင်းထည့် (ကော်မှုန့်မရှိတဲ့အရပ်မှာ ပြောင်းဖူးမှုန့်သုံးလည်းရတယ်ဗျ) ကော်ရည်ထည့်ချိန်မှာမွှေပေးနေရမယ် လိုချင်တဲ့ အပျစ်အကျဲရောက်ရင်ရပြီ ခေါက်ဆွဲပြုတ်ထားတဲ့အပေါ်လောင်းထည့် ကြက်သားထည့် ကြက်သွန်ကြော်လေးဖြူး ငပိထောင်းစပ်စပ်လေးနဲ့တွဲစား ကောင်းမှကောင်းပဲ :):)





No comments:
Post a Comment