ကြက်သားဒံပေါက်
ကြက်သားဒံပေါက်ကိုလွယ်လွယ်ကူကူအိမ်မှာချက်စားလို့ရအောင်ထမင်းပေါင်းအိုးဖြင့်ချက်နည်းလေးနဲ့ချက်ထားပါတယ်
ကြက်သားနှပ်ရန်ပါဝင်ပစ္စည်း
ကြက်သား ၇၀ကျပ်သား
ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်လုံး(၁)ခွက်ခွဲ
နံနံစေ့မှုန့် စားပွဲတင်ဇွန်း(၁)ဇွန်း
ချင်းကြက်သွန်ဖြူအနှစ် စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
ဒံပေါက်မဆလာ စားပွဲတင်ဇွန်း(၁)ဇွန်း
ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်လုံး(၁)ခွက်ခွဲ
နံနံစေ့မှုန့် စားပွဲတင်ဇွန်း(၁)ဇွန်း
ချင်းကြက်သွန်ဖြူအနှစ် စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
ဒံပေါက်မဆလာ စားပွဲတင်ဇွန်း(၁)ဇွန်း
၁။ကြက်သားကိုအရေခွံဆုတ်၍အရသာမှုန့် ဆား နနွင်းမှုန့်ဖြင့်နယ်ထားပါ
၂။ပန်းကန်တခုထဲတွင်ပါဝင်ပစ္စည်းများအားလုံးရောထည့်၍သမအောင်မွှေပီးကြက်သားကိုထိုအနှစ်များနှင့်နယ်ကာရေခဲသေတ္တာထဲတွင်အနည်းဆုံး(၃)နာရီခန့်ထားပါ။
(တစ်ညလုံးနှပ်ထားလျှင်ပို၍ကောင်းပါသည်)
(တစ်ညလုံးနှပ်ထားလျှင်ပို၍ကောင်းပါသည်)
ကြက်သားချက်ရန်ပါဝင်ပစ္စည်း
ခရမ်းချဉ်သီး ၄လုံး(နုပ်နုပ်စဉ်း)
ငရုတ်သီးစိမ်း ၇တောင့်(နုပ်နုပ်စဉ်း)
ပူစီနံ ၃စည်း(နုပ်နုပ်စဉ်း)
နံနံပင် ၁စည်း(နုပ်နုပ်စဉ်း)
ချင်းကြက်သွန်ဖြူအနှစ် စားပွဲတင်ဇွန်း၂ဇွန်း
လေးညှင်း ၃ပွင့်
သစ်ဂျပိုးခေါက် ၁ခု
ကရဝေးရွက် ၃ရွက်
နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
ဂေါ်ရင်ဂျီမဆလာ စားပွဲတင်ဇွန်း၁ဇွန်းခွဲ
အရောင်တင်မှုန့် စားပွဲတင်ဇွန်းဝက်
ဆီ စားပွဲတင်ဇွန်း(၅)ဇွန်း
ထောပတ် လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၈လုံး(ပါးပါးလှီး၍အကြွပ်ကြော်ထားပါ)
ငရုတ်သီးစိမ်း ၇တောင့်(နုပ်နုပ်စဉ်း)
ပူစီနံ ၃စည်း(နုပ်နုပ်စဉ်း)
နံနံပင် ၁စည်း(နုပ်နုပ်စဉ်း)
ချင်းကြက်သွန်ဖြူအနှစ် စားပွဲတင်ဇွန်း၂ဇွန်း
လေးညှင်း ၃ပွင့်
သစ်ဂျပိုးခေါက် ၁ခု
ကရဝေးရွက် ၃ရွက်
နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
ဂေါ်ရင်ဂျီမဆလာ စားပွဲတင်ဇွန်း၁ဇွန်းခွဲ
အရောင်တင်မှုန့် စားပွဲတင်ဇွန်းဝက်
ဆီ စားပွဲတင်ဇွန်း(၅)ဇွန်း
ထောပတ် လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၈လုံး(ပါးပါးလှီး၍အကြွပ်ကြော်ထားပါ)
၁။ပထမဦးစွာဆီနှင့်ထောပတ်ကိုအပူပေး၍လေးညှင်း သစ်ဂျပိုးခေါက် ကရဝေးရွက်တို့ကိုဆီသတ်ပါ။အနံ့မွှေးလာလျှင်ချင်းကြက်သွန်ဖြူအနှစ်နှင့်အရောင်တင်မှုန့်တို့ကိုထည့်ပါ
၂။တစ်မိနစ်ခန့်မွှေပေးပီးလျှင်နှပ်ထားသောကြက်သားများကိုထည့်၍လုံးပါ။ကြက်သားအရောင်ပြောင်းလျှင်ခရမ်းချဉ်သီးပူစီနံ နံနံပင် ငရုတ်သီးစိမ်း နံနံစေ့မှုန့် ဂေါ်ရင်ဂျီမဆလာတို့ကိုထည့်၍ချက်ပေးပါ
၃။ထို့နောက်ရေလက်ဖက်ရည်ပန်းကန်လုံး(၁)လုံးခန့်ထည့်၍တည်ပီးဆီပြန်ခါနီးလျှင်ကြက်သွန်ကြော်တစ်ဝက်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ဆီပြန်လျှင်မီးပိတ်၍အဖုံးအုပ်ထားပါ
ဒံပေါက်ထမင်းချက်ရန်ပါဝင်ပစ္စည်း
ဘာစမာတီဆန် နို့ဆီဗူး၃လုံး
ရေ နို့ဆီဗူး၎လုံးခွဲ
ဆား အနည်းငယ်
စပျစ်သီးခြောက် အနည်းငယ်
ပဲစိမ်းလုံး အနည်းငယ်
သီဟိုစေ့ အနည်းငယ်
ဒံပေါက်ဆိုးဆေးမှုန့် လက်ဖက်ရည်ဇွန်း၎ပုံ၁ပုံခန့်
(သကြားအနည်းငယ် ရေအနည်းငယ်နှင့်ရော၍ရေဖျော်ထားပါ)
ရေ နို့ဆီဗူး၎လုံးခွဲ
ဆား အနည်းငယ်
စပျစ်သီးခြောက် အနည်းငယ်
ပဲစိမ်းလုံး အနည်းငယ်
သီဟိုစေ့ အနည်းငယ်
ဒံပေါက်ဆိုးဆေးမှုန့် လက်ဖက်ရည်ဇွန်း၎ပုံ၁ပုံခန့်
(သကြားအနည်းငယ် ရေအနည်းငယ်နှင့်ရော၍ရေဖျော်ထားပါ)
၁။ဆန်ကိုခပ်ဖွဖွရေဆေး၍နာရီဝက်ခန့်ရေစိမ်ထားပါ။ထို့နောက်ဆန်ကာဖြင့်ရေစစ်ထားပါ
၂။ပထမဦးစွာထမင်းပေါင်းအိုးထဲသို့ကြက်သားတုံးများကိုစီ၍ထည့်ပါ။
၃။ထို့နောက်ဆန်ကိုကြက်သားဟင်းအနှစ်များနှင့်ခပ်ဖွဖွမွှေပေးပါ။ထိုဆန်ထဲသို့ကျန်ကြက်သွန်နီကြော်တစ်ဝက် စပျစ်သီးခြောက် ပဲစိမ်းလုံး သီဟိုစေ့ ဆားတို့ကိုရော၍နယ်ပေးပါ
၎။ပီးနောက်ဆန်များကိုထမင်းပေါင်းအိုးထဲရှိကြက်သားများပေါ်သို့အုပ်ကာရေထည့်၍မွှေပေးပီးမီးဖွင့်၍ထမင်းချက်သလိုချက်ပေးပါ
၅။ရေခမ်းခါနီးလျှင်အဖုံးဖွင့်၍ဒံပေါက်ဆိုးဆေးရည်ကိုဇွန်းဖြင့်ပက်ပေးပါ။ထို့နောက်ခက်ရင်းဖြင့်ဖွပေးပါ
၆။ထမင်းကျက်လျှင်ခဏအအေးခံပီးကြက်သားများထုတ်ကာဒံပေါက်ထမင်းများကိုခက်ရင်းဖြင့်ခပ်ဖွဖွနှံ့အောင်မွှေပေးပါ။ပီးနောက်ကြက်သားများပြန်ထည့်၍အဖုံးအုပ်ထားပေးပါ
၇။အိမ်ချက်ဒံပေါက်ပူပူလေးကိုနှစ်သက်ရာအချဉ်သုပ်တမျိုးမျိုးဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပီ


No comments:
Post a Comment