Saturday, June 6, 2015

ဗယာကြော်

ဗယာကြော်
ကုလားပဲ (၁၀)ကျပ်သား
ချင်း လက်တစ်ဆစ်
ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်းဝက်
ငရုတ်သီးစိမ်း ၄တောင့်
ကြက်သွန်နီ ၂လုံး
ပျဉ်းတော်သိမ်ရွက် အနည်းငယ်
၁။ကုလားပဲများကိုတစ်ညရေစိမ်၍ငရုတ်ဆုံထဲတွင်ညက်နေအောင်ထောင်းထားပါ
၂။ကြက်သွန်နီ ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်ရွက်တို့ကိုပါးပါးလှီး၍ချင်းကိုညက်အောင်ထောင်းပါ
၃။ထို့နောက်ဇလုံတစ်ခုထဲတွင်ကုလားပဲအနှစ် ကြက်သွန်နီ ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်ရွက် ချင်း ဆော်ဒါမှုန့် ဆားအနည်းငယ်တို့ကိုထည့်၍ရောနယ်ပီးနာရီဝက်ခန့်နှပ်ထားပါ
၎။ပီးနောက်အပြားလေးများပြုလုပ်၍ဆီပူပူတွင်ရွှေဝါရောင်သမ်းသည်အထိမီးအေးအေးဖြင့်ကြော်ပေးပါ
၅။ဗယာကြော်လေးများကြွပ်၍အရောင်ရလာလျှင်ဆယ်ပီးမန်ကျည်းမှည့်အချဉ်ရည်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပီ
မန်ကျည်းမှည့်အချဉ်ရည်
မန်ကျည်းသီးမှည့် စားပွဲတင်ဇွန်းဝက်
ထန်းလျက်ခဲ ၂လုံး
ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း
ကြက်သွန်ဖြူ အနည်းငယ်
နံနံပင် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
မန်ကျည်းသီးမှည့်နှင့်ထန်းလျက်ခဲကိုရေ(နို့ဆီဗူးဝက်)ခန့်နှင့်ရော၍ကျိုပေးပါ။အနှစ်ရလာလျှင်ဆန်ကာဖြင့်စစ်၍ပန်းကန်လုံးထဲသို့ထည့်ပါ။
ထိုပန်းကန်လုံးထဲသို့ငရုတ်ဆီ ဆားအနည်းငယ် ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူထောင်းကိုထည့်၍မွှေပေးပါ။ထို့နောက်အနည်းငယ်အေးလျှင်နံနံပင်ကိုပါးပါးလှီးထည့်၍မွှေပေးပါ

No comments:

Post a Comment