ကင်းမွန်ကိုက်လန်ခရုဆီ
ကင်းမွန် (၃၀)ကျပ်သား
ကိုက်လန် ၁စည်း
ခရုဆီ စားပွဲတင်ဇွန်း(၃)ဇွန်း
ဆေးဘဲဥ ၁လုံး
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း(၁)ဇွန်း
ရေ စားပွဲတင်ဇွန်း(၃)ဇွန်း
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးစိမ်း ၂တောင့်
ဆီ စားပွဲတင်ဇွန်း၂ဇွန်း
ကိုက်လန် ၁စည်း
ခရုဆီ စားပွဲတင်ဇွန်း(၃)ဇွန်း
ဆေးဘဲဥ ၁လုံး
ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း(၁)ဇွန်း
ရေ စားပွဲတင်ဇွန်း(၃)ဇွန်း
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးစိမ်း ၂တောင့်
ဆီ စားပွဲတင်ဇွန်း၂ဇွန်း
၁။ကိုက်လန်များကိုအရွက်များဖြတ်၍အရိုးရင့်များကိုဖြတ်ထုတ်ကာလှီးပီးဆားအနည်းငယ်နှင့်ရေစိမ်ထားပါ။ထို့နောက်ရေစင်အောင်ဆေး၍ဆယ်ပီးစစ်ထားပါ
၂။ကင်းမွန်များကိုသန့်စင်၍မွှန်းပီးရှာလကာရည်ထည့်ထားသောရေနွေးဆူဆူထဲတွင်(၁)မိနစ်ခန့်ပြုတ်ပေးကာဆယ်ပီးစစ်ထားပါ
၃။ဒယ်အိုးတစ်လုံးထဲတွင်ဆီအနည်းငယ်ထည့်၍အပူပေးပီးကြက်သွန်ဖြူကိုဓားပြားရိုက်ဆီသတ်ပေးပါ။အနံ့မွှေးလာလျှင်ခရုဆီ ပဲငံပြာရည်အကြည် ရေ အရသာမှုန့် သကြားအနည်းငယ်တို့ကိုထည့်၍မွှေပေးပါ။
ပွက်ပွက်ဆူလာလျှင်မီးပိတ်ထားပါ
ပွက်ပွက်ဆူလာလျှင်မီးပိတ်ထားပါ
၎။ထို့နောက်အခြားဒယ်အိုးတစ်လုံးထဲတွင်ဆီထည့်၍အပူပေးပီးဆီပူလျှင်ကိုက်လန်များကိုထည့်၍မီးပြင်းပြင်းနှင့်အဖုံးအုပ်ကာကြော်ပေးပါ။
၅။နှစ်မိနစ်ခန့်ကြော်ပေးပီးလျှင်အရသာမှုန့် ဆားအနည်းငယ် ငရုတ်သီးစိမ်းတို့ကိုထည့်၍တစ်မိနစ်ခန့်ထပ်ကြော်ပေးပါ
၆။ထို့နောက်ပန်းကန်ပြားထဲသို့ကိုက်လန်ကြော်ဆေးဘဲဥတို့ကိုထည့်၍အပေါ်မှချက်ထားသောခရုဆီဆော့စ်ကိုလောင်းကာပူပူနွေးနွေးသုံးဆောင်နိုင်ပါပီ


No comments:
Post a Comment