Saturday, June 6, 2015

ပင်လယ်စာထမင်းကြော်

ပင်လယ်စာထမင်းကြော်
ထမင်းဖြူ ပန်းကန်လုံး(၃)လုံး
ပုစွန် ၅ကောင်
ဂဏန်း ၂ကောင်
ပြည်ကြီးငါး ၁၀ကျပ်သား
မုန်လာဥနီ အနည်းငယ်
ဘိုစားပဲသီး အနည်းငယ်
ဂျပန်ပြောင်းဖူး အနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
ခရုဆီ စားပွဲတင်ဇွန်း၂ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၂ဇွန်း
ဆီ စားပွဲတင်ဇွန်း၅ဇွန်း
၁။ဂဏန်းနှင့်ပုစွန်များကိုအခွံခွာသန့်စင်၍ရေစေးကာစစ်ထားပါ။ပြည်ကြီးငါးများကိုသန့်စင်၍မွှန်းပီးရှာလကာရည်ထည့်ထားသောရေနွေးဆူဆူထဲတွင်(၁)မိနစ်ခန့်ပြုတ်ပေးကာဆယ်ပီးစစ်ထားပါ
၂။အသီးအရွက်များကိုရေဆေး၍အတုံးသေးလေးများလှီးထားပါ
၃။ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ကြက်သွန်ဖြူဓားပြားရိုက်ဆီသတ်ပါ။အနံ့မွှေးလာလျှင်ပင်လယ်စာများနှင့်အတူခရုဆီ အရသာမှုန့် ဆားအနည်းငယ်တို့ကိုထည့်၍ကြော်ပေးပါ
၎။ပင်လယ်စာများအရောင်ပြောင်းလာလျှင်အသီးအရွက်ထည့်၍ကြော်ကာ(၁)မိနစ်ခန့်အဖုံးအုပ်ထားပါ။ထို့နောက်ထမင်းဖြူနှင့်ပဲငံပြာရည်အပျစ်ထည့်ကာမွှေပေးပါ
၅။အရသာအတွက်ဆားအရသာမှုန့်လိုသလိုထည့်ပီးထမင်းများအရောင်ပြောင်း၍ခြောက်လာလျှင်ကြက်သွန်မြိတ်အုပ်ကာမီးပိတ်သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment