Saturday, June 6, 2015

ကြေးအိုးဆီချက် (၁၀ယောက်စာ)

ကြေးအိုးဆီချက် (၁၀ယောက်စာ)
ကြက်ပြုတ်ရည်ပြုလုပ်ရန်*****
၁။ကြက်ရိုး(၃၀)ကျပ်သားခန့်ကိုပဲငံပြာရည်အကျဲ ကြက်သွန်ဖြူ ချင်း ကြက်သားမှုန့် သကြား ဆားတို့ဖြင့်နယ်ကာမီးပြင်းပြင်းနှင့်ပွက်ပွက်ဆူအောင်မိနစ်(၂၀)ခန့်ပြုတ်ထားပါ
၂။ထို့နောက်ကြက်ပြုတ်ရည်များကိုဟင်းချိုအိုးတစ်လုံးထဲသို့စစ်ထည့်ပါ
အသားလုံးပြုလုပ်ရန်*****
ကြက်သား (၃၀)ကျပ်သား
ငါးဖယ်ခြစ် စားပွဲတင်ဇွန်း(၃)ဇွန်း
ကြက်ဥ ၁လုံး
ကော်မှုန့် လက်ဖက်ရည်ဇွန်း(၆)ဇွန်း
ဂျုံမှုန့် လက်ဖက်ရည်ဇွန်း(၃)ဇွန်း
ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း(၁)ဇွန်းခွဲ
ကြက်သွန်ဖြူ (၃)မွှာ (နုပ်နုပ်စဉ်းထားပါ)
၁။ကြက်သားများကိုညက်နေအောင်ကြိတ်၍ပါဝင်ပစ္စည်းများနှင့်အတူအရသာမှုန့် ဆား ငရုတ်ကောင်းမှုန့်တိုနှင့်ရော၍စေးနေအောင်နယ်ပါ
၂။ထို့နောက်လက်ဖြင့်အရွယ်တော်အရှည်ပုံစံအလုံးလေးများဆုပ်ကာကြက်ပြုတ်ရည်ထဲတွင်(၅)မိနစ်ခန့်ပြုတ်ပီးဆယ်ထားပါ
ငါးဖယ်လုံးပြုလုပ်ရန်*****
ငါးဖယ်ခြစ် (၁၅)ကျပ်သား
ကြက်ဥအကာ စားပွဲတင်ဇွန်း၂ဇွန်း
ကော်မှုန့် လက်ဖက်ရည်ဇွန်း(၆)ဇွန်း
ကြက်သွန်ဖြု ၂မွှာ(နုပ်နုပ်စဉ်းထားပါ)
ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း၁ဇွန်း
၁။ငါးဖယ်ခြစ်များကိုပါဝင်ပစ္စည်းများနှင့်အတူအရသာမှုန့် ဆား ငရုတ်ကောင်းမှုန့်တို့နှင့်ရော၍စေးနေအောင်နယ်ပါ
၂။ထို့နောက်လက်ကိုရေဆွတ်၍အလုံးလေးများလုံးကာကြက်ပြုတ်ရည်ထဲတွင်(၅)မိနစ်ခန့်ပြုတ်၍ဆယ်ထားပါ
ကြေးအိုးဆီချက်ပြုလုပ်ရန်*****
ဆန်ကြာဆံ ၁၈၀ဂရမ်(၂ထုပ်)
ပဲပြား ၁တုံး(တြိဂံပုံလေးများလှီးထားပါ)
ငုံးဥပြုတ် ၂၀လုံး(အခွံနွှာထားပါ)
မုန်ညင်းစိမ်း ၂စည်း
ကြက်သွန်မြိတ် ၂စည်း
ကြက်သွန်ဖြူ ၁၅မွှာ
ဆီ ၁၀ကျပ်သား
ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း(၆)ဇွန်း
သကြား စားပွဲတင်ဇွန်း(၂)ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
၁။ဆန်ကြာဆံများကိုရေစိမ်ထားပါ။
ကြက်သွန်ဖြူကိုနုပ်နုပ်စဉ်း၍ဆီချက်ချက်ထားပါ(နနွင်းမှုန့်မထည့်ရ)။
ဆော့စ်အရည်ပြုလုပ်ရန်အိုးတစ်လုံးထဲတွင်ပဲငံပြာရည်အကျဲ သကြား အချိုမှုန့် ငရုတ်ကောင်းမှုန့် ကြက်ပြုတ်ရည်(စားပွဲတင်ဇွန်း၎ဇွန်းခန့်)ကိုထည့်၍အပူပေးကာသကြားပျော်လျှင်မီးပိတ်ထားပါ
၂။စားခါနီးလျှင်ကြက်ပြုတ်ရည်အိုးကိုဆူအောင်အပူပေး၍ကြာဆံတစ်ပွဲစာကို(၄)မိနစ်ခန့်ပြုတ်ပီးလျှင်ရေစင်အောင်စစ်၍ပန်းကန်ထဲသို့ထည့်ပါ။ထို့နောက်မုန်ညင်းစိမ်းအနည်းငယ်နှင့်ပဲပြားတို့ကို(၁)မိနစ်ခန့်ပြုတ်ပီးကြာဆံထဲသို့ထည့်ပါ
၃။ထိုပန်းကန်ထဲသို့အသားလုံး ငါးဖယ်လုံး ငုံးဥကြက်သွန်မြိတ်တို့ကိုထည့်ပီးဆော့စ်အရည်(စားပွဲတင်ဇွန်း၁ဇွန်းခွဲ)နှင့်ကြက်သွန်ဖြူဆီချက်(စားပွဲတင်ဇွန်း၁ဇွန်း)တို့နှင့်ရောကာတူဖြင့်သမအောင်နယ်ပေးပါ
၎။ထို့နောက်အပေါ်မှဆီချက်အဖတ်လေးများနှင့်ကြက်သွန်မြိတ်ဖြူးကာသုံးဆောင်နိုင်ပါပီ

No comments:

Post a Comment