Tuesday, June 9, 2015

ကြက်ကောက်ညှင်းသီးစုံကင်လေးပါ







လုပ်နည်းအဆင့်ဆင့်
******************
ကြက် ၇၀ သားတစ်ကောင်ကို ဗိုက်မှ သုံးလက်မ လောက်ခွဲပြီး အူကလီစာထုတ် သန့်ရှင်းထားပါ။
ပြီးနောက်လေထဲမှာတစ်နာရီခန့်ရေစစ်ထားပါ။

အစာပြုလုပ်နည်း
**************
ကောင်ညှင်းပေါင်းလက်တစ်ဆုပ်စာ အုန်းနို့အနည်းငယ် ခရုဆီ ဆား သကြား မုန်လာဥနီ သီဟိုဋ္ဌ်စေ့ ပဲစိမ်းသီး တို့ကိုသမအောင်နယ်ထားပါ

ရှေးဦးစွာ ကြက်သားကိုအရသာနယ်ပြီး ဝူရှမ်းဖန် (ခ) တရုတ်မဆလာနှင့်နယ်နှပ်ပါ
နယ်နှပ်ခြင်းသည်အသားကိုပိုမိုနူးညံ့စေပါသည်
ပြီးနောက်နယ်ထားသောကောက်ညင်းများအားဗိုက်အတွင်းအစာသွတ်ပြီး သွားကြားထိုးတံဖြင့် ချုပ်သီပေးပါ

ပြီးနောက် Oven Temp° 400° F
၌ တစ်ဖက်စီ ဆယ့်ငါးမိနစ်ခန့် လှည့်ကင်ပေးပါ
ထို့နောက်မီးအားလုံးပိတ်ပြီးနာရီဝက်ခန့်အအေးခံပါ

နောက်ဆုံးအနေနှင့်
Oven Temp° 450°F ၌ ကြက်သားအရေပြားများပေါ်တွင် ပျားရည် (သို့) ကပ်စေးနဲ အနည်းငယ်သုတ်လိမ်းပြီး ငါးမိနစ်ခန့်ကင်ပေးပါ
*အရောင်လှစေရန်နှင့်ကြွပ်ရွစေရန်ရည်ရွယ်ပါသည်*

ပြင်ဆင်နည်း
***********
မိမိပြင်ဆင်လိုသောအခြားအသီးအနှံများအား
အရသာသွင်း၍ စိတ်ကြိုက်ပုံဖေါ်ကာ သုံးဆောင်နိုင်ပါပြီ။

မိမိလုပ်နည်းအတိုင်းရှင်းပြထားပါသဖြင့်
အတတ်နိုင်သမျှနားလည်သီးခံဖတ်ရှုပေးကြပါရန်

No comments:

Post a Comment