Saturday, June 6, 2015

မျှစ်နုပုစွန်ခရုဆီ

မျှစ်နုပုစွန်ခရုဆီ
ဒီဟင်းလေးမှာသုံးထားတဲ့မျှစ်ကတော့မျှစ်စိမ်းရဲ့ထိပ်ချွန်ပိုင်းကအတွင်းသားနုနုလေးတွေပါ။ကျန်အပိုင်းကိုတော့လှီးထားပီးအခြားဟင်းတွေမှာသုံးလို့ရအောင်သိမ်းထားလို့ရပါတယ်
မျှစ်စိမ်း (၅)ခု 
ပုစွန်. (၁၀)ကောင်
ခရုဆီ. စားပွဲတင်ဇွန်း(၁)ဇွန်း
Rice Wine. လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ပဲငံပြာရည်အကြည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ကြက်သွန်မြိတ်. အနည်းငယ်
ဆီ. စားပွဲတင်ဇွန်း(၁)ဇွန်း
၁။မျှစ်စိမ်းထိပ်အချွန်အပိုင်းကိုအပေါ်ဖတ်များခွာချ၍အတွင်းသားနုနုလေးပေါ်လာလျှင်လက်သုံးလုံးစာခန့်ဖြတ်လိုက်ပါ။(ကျန်အပိုင်းကိုသိမ်းထားနိုင်ပါသည်)ထို့နောက်အတုံးလေးများတုံးပီးရေ(၃)ရေခန့်ပြုတ်ပေးကာဆယ်ပီးစစ်ထားပါ
၂။ပုစွန်ကိုအခွံခွာသန့်စင်၍သကြား၊ဆား၊ခရုဆီတို့ဖြင့်နယ်ထားပါ
၃။ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ပုစွန်နှင့်မျှစ်ကို(၃)မိနစ်ခန့်ထည့်ကြော်ပေးပါ။ထို့နောက် Rice Wine နှင့်ပဲငံပြာရည်ထည့်ပါ။အရသာအတွက်သကြားနှင့်ဆားအနည်းငယ်ထည့်ပေးပါ
၎။ထို့နောက်အရသာစိတ်ကြိုက်ဖြစ်လျှင်ကြက်သွန်မြိတ်အုပ်၍ပူပူနွေးနွေးသုံးဆောင်နိုင်ပါပီ

No comments:

Post a Comment