Sunday, June 14, 2015

ကြက်ပေါင်းဟင်းချိုလေးပါ

ကြက်ပေါင်းဟင်းချိုလေးပါ smile emoticon
လူကြီးတွေလည်းကြိုက်မှာပါ
ချက်နည်းပြောပါဆိုလို့ရေးပေးပါ့မယ်
ကြက်သားကိုအရွယ်တော်တုံး
ရေဆေးပြီးဆား၊သကြား၊ abc ပဲငံပြာရည်
လေးနဲ့နယ်ထားပါတယ်
ပေါင်းအိုးထဲမှာဆီအနည်းငယ်၊သကြားအနည်းငယ်
ထည့်မွှေပါတယ် သကြားနီလာတော့မှ
ကြက်သားထည့်လုံးပေးပါတယ်
ဂျင်းနှစ်လွှာပါးပါးလှီးထည့်ပါတယ်
ပြောင်းဖူးထည့်ရေမြုပ်အောင်တည်ပါတယ်
နာရီဝက်လောက်ပေါင်းပြီး
ကြက်သွန်ဖြူဓားပြားရိုက်ထည့်
ဥနီ၊ပဲသီး၊ထည့်ပါတယ်
အရသာအနေတော်ထည့်ပြီးချခါနီးမှ
ပန်းမုန်ညင်းထည့်ငရုတ်ကောင်းလေးဖြူး
ပူပူလေးသောက်လို့ရပါပြီ smile emoticon
Like · Comment · 

No comments:

Post a Comment