Saturday, June 6, 2015

ဘဲဥအာလူးရုံးပတီ

ဘဲဥအာလူးရုံးပတီ
ဘဲဥ ၁၅လုံး
အာလူး ၃လုံး
ရုံးပတီသီး ၅တောင့်
ကြက်သွန်နီ ၄လုံး
ငရုတ်သီးပုခြောက် ၄တောင့်
မန်ကျည်းမှည့်ရည် လက်ဖက်ရည်ပန်းကန်လုံး(၂)လုံး
၁။ဘဲဥကိုပြုတ်အခွံခွာပီးမွှန်းထားပါ
၂။အာလူးကိုအခွံခွာပီးအစိတ်လေးတွေစိတ်..ဆားအနည်းငယ်နဲ့နယ်ပီးဆီပူပူမှာမကျက်တကျက်လေးကြော်ပေးပါ
၃။ပီးရင်ဆယ်ထားပီးကြက်သွန်နီနဲ့ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ
၎။ကြက်သွန်အနှစ်လေးတွေကြွပ်လာပီဆိုရင်ငံပြာရည်လောင်းပီး(၁)မိနစ်ခန့်မွှေပေးပါ
ထို့နောက်ဘဲဥ..အရသာမှုန့်..ဆား..မန်ကျည်းမှည့်ရည်တို့ကိုထည့်ပီးဘဲဥအရောင်ရသည်အထိချက်ပေးပါ
၅။မန်ကျည်းမှည့်ရည်ကိုအများကြီးတခါတည်းမထည့်ပဲနည်းနည်းချင်းစီထည့်၍ချက်ပေးပါ
ဘဲဥလေးတွေရဲလာရင်အာလူးထည့်ပီးရေနွေးနည်းနည်းထည့်တည်ကာအာလူးနူးပီဆိုရုံးပတီသီးထည့်ပါ
၆။(၁)မိနစ်ခန့်တည်ပီးအပေါ့အငံမြည်း၍စိတ်ကြိုက်ဖြစ်လျှင်မီးပိတ်လို့ရပါပီ

No comments:

Post a Comment