Banana pancakes လုပ်နည်း။
**********************
၁။ဂျုံ 130 ဂရမ်(သို့)ဆန်ချိန်ခွက်နဲ့၂ခွက်။
**********************
၁။ဂျုံ 130 ဂရမ်(သို့)ဆန်ချိန်ခွက်နဲ့၂ခွက်။
၂။သကြား၂ဇွန်း။
၃။Baking powder၁ဇွန်း။(မုန့်ဖုတ်ဆော်ဒါ)
၎။ဆား၁ဇွန်း။
၅။မြေပဲဆံလှော်၅၀ဂရမ်ကိုထောင်းထားပါ။နမ်းဖြူ ၂ဇွန်း။
၆။ကြက်ဥ(၂)လုံးကိုခေါက်ထားပါ။ဖီးကြမ်းငှက်ပျောသီအမှည့်၁လုံကိုချေထားပါ။တီးမွှေးငှက်ပျောသီးနဲ့လုပ်ထားပါတယ်။
ပါဝင်တဲ့အခြောက်ပစ္စည်အားလုံးကိုဇလုံတစ်လုံးထဲထည့်၍နံ့အောင်မွှေထားပါ။
ထောပတ်(သို့)ဆီ(၁၅၀)ဂရမ်။ထောပတ်ကိုပျော်အောင်အပူပေးပြီးဖျော်ထားပါ။
နွားနို့၁ခွက်(သို့)မဟုတ်ရေ၁ခွက်။
နွားနို့၁ခွက်(သို့)မဟုတ်ရေ၁ခွက်။
ပါဝင်တဲ့အစိုပစ္စည်းများကိုဇလုံးတလုံးနဲ့သီသန့်ဖျော်ပြီးအခြောက်ပစ္စည်းထဲရော၍ဖြေးဖြေးချင်းမွှေပေးပါ။မုန့်အသားကိုဘိန်းမုန့်အထူလို့လုပ်ချင်ပါကမုန့်အရည်ပျစ်ပျစ်လေးဖျော်ပေးပါ။တို့ရှည်လိုခပ်ပါးပါးလေးလုပ်ပါကမှုန့်အရည်ကိုနည်းနည်းကျဲကျဲဖျော်ပြီးမုန့်လုပ်တဲ့ဒယ်အိုးကိုအဝတ်စသန့်သန့်နဲ့ဆီစွပ်ပြီးသုပ်၍မိမိစိတ်ကြိုက်လုပ်နိုင်ပါသည်။
မှတ်ချက်။မုန့်ဖြန့်ထည့်ပြီးရင်မုန့်အပေါ်မှာဆီအနည်းငယ်ဇွန်းသေးသေးနဲ့ခပ်ထည့်ပေးပြီးမှအဖုံးခဏအုပ်ပေးပါ။မုန့်ကိုနှစ်ဖက်လုံးကျက်အောင်လုပ်ပါ။နမ်းနဲ့မြေပဲဖြူးထည့်နိုင်ပါသည်။
Panncakesကိုစတော်ဘယ်ရီအယို၊creamတို့နဲ့တွဲစားနိုင်ပါသည်။
အစပ်ကြိုက်သူများအတွက်ငြုပ်သီးအလှော်ထောင်းမှုန့်ကိုကြက်ဖြူ၊ဆား၊အချိုမှုန့်ဆီအနည်းငယ်ထည့်ပြီးထောင်းထားပါ။မုန့်လုပ်တဲ့အခါမှာတခါတည့်ငြုပ်သီးထောင်းပါထည့်လုပ်နိုင်သလို့၊အချိုအရင်လုပ်ပြီးငြုပ်သီးထောင်းနဲ့တို့စားရင်လည်းအဆင်ပြေပြီးစားလို့အရမ်းကောင်းပါတယ်။ကော်ဖီလေးနဲ့တွဲစားပေါ့။






No comments:
Post a Comment