ဆိတ်သားလုံးဆီပြန်
ဆိတ်သား. (၃၀)ကျပ်သား
အာလူး. (၁)လုံး
ချင်း. (၁)တက်
ကြက်သွန်ဖြူ. (၃)မွှာ
ငရုတ်သီးစိမ်း. အနည်းငယ်
သံပုရာရည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ဇီယာစေ့မှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ငရုတ်ကောင်းစေ့မှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
အာလူး. (၁)လုံး
ချင်း. (၁)တက်
ကြက်သွန်ဖြူ. (၃)မွှာ
ငရုတ်သီးစိမ်း. အနည်းငယ်
သံပုရာရည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ဇီယာစေ့မှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
ငရုတ်ကောင်းစေ့မှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
၁။ပထမဦးစွာဆိတ်သားများကိုအမြောင်းလိုက်လေးများလှီး၍အညှီနံ့ပျောက်စေရန်ရှာလကာရည်(သို့)ရှောက်ရည်ဖြင့်နယ်ပါ။ထို့နောက်ရေဖြင့်စင်အောင်စဉ်း၍အသားများကိုကြိတ်ပါ(သို့)နုပ်နုပ်စဉ်းပါ။အာလူးကိုအခွံခွာ၍သေးသေးလေးများခြစ်ထားပါ
၂။ဇလုံတစ်ခုထဲတွင်ဆိတ်သားစဉ်းကော၊အရသာမှုန့်၊ဆား၊နနွင်းမှုန့်၊အာလူး၊ချင်းကြက်သွန်ဖြူထောင်း၊ငရုတ်သီးစိမ်းထောင်း၊ဇီယာမှုန့်၊ငရုတ်ကောင်းမှုန့်၊သံပုရာရည်တို့ကိုထည့်၍စေးနေအောင်နယ်ပေးပါ
၃။ထို့နောက်မိမိစိတ်ကြိုက်အလုံးလေးများလုံးထားပါ
ကြက်သွန်နီ. (၃)လုံး
ကြက်သွန်ဖြူ. (၄)မွှာ
ချင်း. လက်(၁)ဆစ်
ငရုတ်ပုခြောက်. (၃)ခု
ငရုတ်ခြောက်တောင့်. (၂)ခု
ပျဉ်းတော်သိမ်ရွက်. အနည်းငယ်
မဆလာ. စားပွဲတင်ဇွန်း(၁)ဇွန်း
ဆီ. စားပွဲတင်ဇွန်း(၅)ဇွန်း
ကြက်သွန်ဖြူ. (၄)မွှာ
ချင်း. လက်(၁)ဆစ်
ငရုတ်ပုခြောက်. (၃)ခု
ငရုတ်ခြောက်တောင့်. (၂)ခု
ပျဉ်းတော်သိမ်ရွက်. အနည်းငယ်
မဆလာ. စားပွဲတင်ဇွန်း(၁)ဇွန်း
ဆီ. စားပွဲတင်ဇွန်း(၅)ဇွန်း
၁။ငရုတ်ပုခြောက်ကိုရေစိမ်၍အစေ့ထုတ်ပီးကြက်သွန်နီကြက်သွန်ဖြူချင်းတို့နှင့်ရော၍ညက်အောင်ထောင်းထားပါ။
၂။ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်အနှစ်များကိုထည့်၍ဆီသတ်ပါ။အနှစ်များကြွပ်၍မွှေးလာလျှင်ဆိတ်သားလုံးများကိုထည့်၍မွှေပေးပါ။ထို့နောက်ငရုတ်ခြောက်တောင့်ကိုလည်း(၂)ပိုင်းပိုင်း၍ထည့်ပါ။ဆိတ်သားနူးစေရန်ရေကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ
၃။ထို့နောက်ဆီပြန်လျှင်အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မဆလာ၊ပျဉ်းတော်သိမ်ရွက်တို့ကိုထည့်၍မီးပိတ်ပေးလို့ရပါပီ


No comments:
Post a Comment