ငှက်ပျောရွက်ထုပ်ငါးကင်
တီလားဗီးယား. (၁)ကောင်
ကြက်သွန်ဖြူ. (၅)မွှာ
ချင်း. လက်တစ်ဆစ်
ရှမ်းနံနံ. (၂)စည်း
နံနံပင်. (၁)စည်း
ငရုတ်သီးစိမ်း. အနည်းငယ်
သံပုရာသီး. (၁)လုံး
ဆီ. အနည်းငယ်
ကြက်သွန်ဖြူ. (၅)မွှာ
ချင်း. လက်တစ်ဆစ်
ရှမ်းနံနံ. (၂)စည်း
နံနံပင်. (၁)စည်း
ငရုတ်သီးစိမ်း. အနည်းငယ်
သံပုရာသီး. (၁)လုံး
ဆီ. အနည်းငယ်
၁။ပထမဦးစွာငါးကိုအကြေးခွံထိုး၍ဗိုက်ဖောက်ပီးပါးဟပ်ထုတ်ကာမွှန်းပါ။ထို့နောက်ရေစင်အောင်ဆေးပီးအရသာမှုန့်၊ဆားတို့ဖြင့်နယ်ထားပါ
၂။ငရုတ်ဆုံထဲတွင်ကြက်သွန်ဖြူ၊ချင်း၊ငရုတ်သီးစိမ်းတို့ကိုညက်အောင်ထောင်း၍ရှမ်းနံနံ၊နံနံပင်တို့ကိုလည်းပါးပါးလှီးထည့်ထောင်းပါ။ထို့နောက်သံပုရာသီးညှစ်ထည့်၍မွှေပေးပါ
၃။ထောင်းထားသောအနှစ်တစ်ဝက်ကိုငါး၏ဗိုက်ထဲသို့အစာသွပ်၍ကျန်အနှစ်များကိုငါး၏ကိုယ်ပေါ်သို့အနှံ့သုတ်ကာရေခဲသေတ္တာထဲတွင်အနည်းဆုံး(၁)နာရီခန့်နှပ်ထားပါ
၎။ထို့နောက်ငှက်ပျောရွက်ပေါ်တွင်ဆီသုတ်၍ငါးထည့်ပီးထုပ်ကာမီးအေးအေးဖြင့်ဟိုဘက်ဒီဘက်လှန်ပီး(၃၀)မိနစ်ခန့်ကင်ပေးပါ
၅။ငါးကျက်၍အနံ့မွှေးလာလျှင်ငှက်ပျောရွက်များခွာ၍သုံးဆောင်နိုင်ပါပီ


No comments:
Post a Comment