Saturday, June 6, 2015

ပုစွန်ငရုတ်ကောင်းသံပုရာ

ပုစွန်ငရုတ်ကောင်းသံပုရာ
ပုစွန်ကျား. (၃၀)ကျပ်သား
ပဲငံပြာရည်အကြည်. စားပွဲတင်ဇွန်း(၁)ဇွန်း
တရုတ်မဆလာ. အနည်းငယ်
ကြက်ဥ. (၁)လုံး
ကော်မှုန့်. စားပွဲတင်ဇွန်း(၇)ဇွန်း
ဆီ. (၅)ကျပ်သား
၁။ပုစွန်ကိုခေါင်းဖြုတ်အခွံခွာ၍ကျောခွဲသန့်စင်ကာရေဆေးပါ။ထို့နောက်ပဲငံပြာရည်အကြည်၊တရုတ်မဆလာ၊ဆားအနည်းငယ်တို့ဖြင့်နယ်ထားပါ
၂။ပန်းကန်တစ်ခုထဲတွင်ကြက်ဥနှင့်ကော်မှုန့်ကိုရော၍ပျစ်ပျစ်ဖျော်ပါ။ထို့နောက်ပုစွန်များကိုနှစ်၍ဆီပူပူတွင်ရဲနေအောင်ကြော်ပေးပီးစစ်ထားပါ
ငရုတ်ကောင်းသံပုရာဆော့စ်
ကြက်သွန်ဖြူ. (၅)မွှာ
ချင်း. လက်တစ်ဆစ်
ပဲငံပြာရည်အနောက်. စားပွဲတင်ဇွန်းဝက်
သကြား. အနည်းငယ်
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း(၁)ဇွန်း
သံပုရာအကွင်း. (၃)ခု
သံပုရာရည်. စားပွဲတင်ဇွန်း(၁)ဇွန်း
ကော်မှုန့်. လက်ဖက်ရည်ဇွန်း(၂)ဇွန်း
ရေ. လက်ဖက်ရည်ပန်းကန်လုံး(၁)လုံး
ဆီ. စားပွဲတင်ဇွန်း(၁)ဇွန်း
၁။ဆီကိုအပူပေး၍ချင်းနှင့်ကြက်သွန်ဖြူရောထောင်း၊သံပုရာအကွင်းတို့ကိုထည့်၍ဆီသပ်ပါ။မွှေးလာလျှင်သံပုရာအကွင်းကိုဆယ်ထုတ်ပီးပဲငံပြာရည်၊သကြား၊သံပုရာရည်၊ဆားအနည်းငယ်၊ငရုတ်ကောင်းမှုန့်၊ရေတို့ကိုထည့်၍ပွက်လာအောင်တည်ပေးပါ။ထို့နောက်ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်၍လောင်းထည့်မွှေပေးပါ
၂။အရသာစိတ်ကြိုက်ဖြစ်လျှင်ကြော်ထားသောပုစွန်ပေါ်သို့လောင်းချ၍မွှေပေးပီးထမင်းပူပူနှင့်သုံးဆောင်နိုင်ပါပီ

No comments:

Post a Comment