Wednesday, June 10, 2015

မလေးရှားခေါက်ဆွဲကြော်.

မလေးရှားခေါက်ဆွဲကြော်....မြန်မာပြည်ကစားသောက်ဆိုင်တော်တော်များများမှာဒါမျိုးပဲကြော်ကြတယ်ဗျ..မလေးမှာတော့ ကွေ့တရောင်ဂိုရင်းလို့ခေါ်တယ် အသားတစ်မျိုးမျိုးရယ် ခရုလေးတွေရယ် ပဲပင်ပေါက်ရယ် ကြက်သွန်မိတ်ရယ် သူတို့အခေါ် ချီလီဆံဘားလို့ခေါ်တဲ့ငရုပ်သီးအနှစ်တစ်မျိုးပါတယ်ဗျ ငါးဖယ်ပြားလိုအသားတုလေးတွေလဲပါတယ် အရောင်ကခုကျွန်တော်ကြော်ထားသလိုမဟုတ်ဘူး အညိုရောင်ဖက်ပိုသန်းတယ် ဆိုင်ခန်းတွဲလေးတွေနဲ့လမ်းဘေးကလှည်းနဲ့ရောင်းတဲ့ဆိုင်လေးတွေမှာအစားများကြတယ် တစ်ပွဲကို ၂ရင်းဂစ် ၃ရင်းဂစ်လောက်ပဲရှိတယ် ငရုပ်သီးစိမ်အတောင့်ကြီးတွေကို အချဉ်စိမ်ထားတာတွေနဲ့တွဲဖက်စားလေ့ရှိတယ် ခုတော့ဘယ်နှစ်ရင်းဂစ်လောက်ရှိပြီလည်းမသိဘူး....သိသောကာဝမ်းတွေပြောပြကြပါ.....အခုကျွန်တော်ပြောပြမှာက မြန်မာပြည်မှာကြော်လေ့ရှိတာမျိုးဗျ..ဒယ်အိုးထဲဆီနဲနဲထည့် ကြက်သွန်ဖြူလေးနဲနဲဆီသတ် ကြက်ဥတစ်လုံးလောက်ခေါက်ထည့် နှစ်သက်ရာအသားတစ်မျိုးမျိုးထည့် အသားကျက်လောက်မှ ညပ်ခေါက်ဆွဲထည့် အရသာအတွက် ချိုမှုန့်သကြားအနဲငယ်နဲ့ ပဲငံပြာရည်အကြည် ထမင်းစားဇွန်းတစ်ဇွန်းလောက်ထည့် မွှေပေး ပဲပင်ပေါက်ရယ် ခရမ်းချဉ်သီးပါးပါးလှီးထားတာရယ် ငရုပ်စိမ်း ၄ ၅ ၆ တောင့်လောက်ဒါးပြားရိုက်ထားတာထည့် အရောင်ဆီ (ငရုပ်သီးအရောင်တင်မှုန့်ကိုဆီချက်ထားတာ)နဲနဲထည့်တစ်ချက်နှစ်ချက်မွှေပေး..ရပြီ မြန်မာပြည်စတိုင် မလေးခေါက်ဆွဲကြော် :):)


No comments:

Post a Comment