Saturday, July 18, 2015

" မြိတ်ကပ်ကြေးကိုက် (၂ ပွဲ) "

" မြိတ်ကပ်ကြေးကိုက် (၂ ပွဲ) "
(ကျွန်မရဲ့ ဒုတိယစာအုပ် (အစိမ်းရောင်) မှာ ပါပြီးသားလေးပါ။)
မြို့နာမည်ပါတဲ့ အစားအစာတွေကိုချက်တိုင်း အဲ့ဒီက မြို့သူ၊ မြို့သားတွေလို့ ယူဆရသူများက အဲ့ဒီလိုချက်တာမဟုတ်ဘူး၊ မသိပဲနဲ့မချက်နဲ့လို့ အများအားဖြင့် ပြောတတ်ကြပါတယ်။ အစားအစာတိုင်းကို အဲ့ဒီမြို့၊ အဲ့ဒီနိုင်ငံမှာ သွားစား၊ အဲ့ဒီချက်နည်းများကို ထွင်ခဲ့တဲ့ သူများကို မေးပြီးမှ ချက်ထားတာမဟုတ်လို့ မတူဘူးလို့ ယူဆသူများ မိမိကြိုက်နှစ်သက်ရာနည်းနဲ့ ချက်နိုင်ပါတယ်ရှင်။
***... ဘိတ်ကပ်ကြေးကိုက် အတွက် လိုအပ်တာလေးတွေ…
1. ညှပ်ခေါက်ဆွဲဖတ် – ထမင်းတစ်ပန်းကန်စာ မောက်မောက်
2. ပဲပင်ပေါက် – တရုတ်ထမင်းစား ပန်းကန်လုံး ၁ လုံး
3. ဓါးဖြင့်မွှန်းကာ ၃ ပိုင်းဖြတ်ထားသော squid ခပ်သေးသေး – ၅ ကောင်
4. ခပ်စောင်းစောင်းလှီးထားသော seafood stick – ၂ ချောင်း
5. လက်ညှိုးအရွယ် ပုဇွန် – ၈ ကောင်
6. ခပ်စောင်းစောင်းလှီးထားသော ဝက်အူချောင်း – ၂ ချောင်း
7. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ – ၅ တက်
8. ပဲပြုတ် – ထမင်းစားဇွန်း ၄ ဇွန်း
9. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၂ ဇွန်း
10. ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း ၂ ဇွန်း
11. သကြား – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
12. ရှာလကာရည် (vinegar) – ထမင်းစားဇွန်း ၁ ဇွန်း
13. chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
14. ငရုတ်သီးခြောက် အကြမ်းမှုန်. – ထမင်းစားဇွန်း ၁ ဇွန်း
15. ဆီ – ထမင်းစားဇွန်း ၆ ဇွန်း
#. ညှပ်ခေါက်ဆွဲဖတ်များထဲသို့ ပဲငံပြာရည် အကျဲ၊ ပဲငံပြာရည် အပျစ်၊ ရှာလကာရည်၊ သကြား၊ chicken powder တို့ ထည့်ကာ ခပ်ဖွဖွနယ်ထားပါ။
#. နယ်ပြီးလျှင် ပဲပင်ပေါက်ထည့်ကာ ကြော်ရန်အသင့်ပြင်ထားပါ။
#. ငရုတ်သီးအကြမ်းမှုန်. (ထမင်းစားဇွန်း ၁ ဇွန်း) ထဲသို. ပွက်ပွက်ဆူနေသောရေနွေး (ထမင်းစားဇွန်း ၃ ဇွန်း)ထည့်ကာ ဖျော်ထားပါ။
#. ဒယ်အိုးထဲရှိ ဆီ(ထမင်းစားဇွန်း ၅ ဇွန်း) ပူလာလျှင် ကြက်သွန်ဖြူကိုထည့်ကာ ၁ မိနစ်ခန်.ကြော်ပါ။
#. ပြီးလျှင် အသားများကိုထည့်ကာ ၂ မိနစ်ခန်.ကြော်ပြီး အိုးထဲ အရည်အနည်းငယ်ချန်ကာ ဆယ်ထုတ်ထားပါ။
#. ထိုအရည်ကျန်ထဲသို. ရေနှင့်ဖျော်ထားသည့် ငရုတ်သီးအကြမ်းမှုန်.၊ ညှပ်ခေါက်ဆွဲ နှင့် ပဲပင်ပေါက်ကို ထည့်ပြီး ၄၊၅ ချက်မွှေကြော်ကာ အိုးထဲမှ ဖယ်ထုတ်ထားပါ။
#. ဒယ်အိုးထဲ ဆီ(ထမင်းစားဇွန်း ၁ ဇွန်း) ထပ်ထည့်ပြီး ပူလာလျှင် ကြက်ဥ ၂ လုံးကို ဖေါက်ထည့်ကာ မွှေကြော်ပါ။
#. ပုံတွင်ပြထားသလောက် ကြက်ဥကျက်လျှင် ပဲပြုတ်၊ ဖယ်ထုတ်ထားသည့် အသားများ နှင့် ခေါက်ဆွဲကို ထည့်ကာ ၂ မိနစ်ခန်. ခပ်ဖွဖွ မွှေကြော်ပါ။ (ခေါက်ဆွဲများ မကြေသွားစေရန်)
#. ထို.နောက် အနံ.အရသာနှင့်ပြည့်စုံသော ဘိတ်ကပ်ကြေးကိုက်လေး သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment