Miniပေါက်စီလေးကြော်စားရအောင်နော်။
ဂျုံ၂၅ကျပ်သားကိုဇကာချပါ။ဆားအနည်းငယ် သကြား၁၀ကျပ်သား yeast လ္ဘက်ရည်ဇွန်း၃ဇွန်း ဘေကင်ပေါင်ဒါလ္ဘက်ရည်ဇွန်း၁ဇွန်း ရေနွေးနွေးနှင့ဂျုံသားများပြောင်ချောလာသည်အထိနယ်ပါ။ပြီးလျှင်ပိတ်ပါးဖြင့်အုပ်ထားပါ။
အစာသွပ်ရန်ကြက်သွန်နီနုတ်နုတ်စင်ါး၍ကြော်ပါ ပြီးကြိုက်နှစ်သက်ရာကြက်သား ဝက်သား နှင့်ဂျူးမိတ်ထည့်ကြော်ပါ။
ဂျုံပွလာလျှင် အစာသွပ်၍အလုံးသေးသေးလုံး၍ ဆီအိုးတွင်ထည့်ကြော်ပါ။ရွှေဝါရောင်သန်းလာလျှင်ဆယ်ယူ၍ငရုပ်ဆော့ဖြင့်စားနိုင်ပါသည်။
နောက်တနည်းက
ဒယ်အိုးပြားတွင်ဆီထည့်ပြီးပေါက်စီများကိုစီထည့်ပါ။
မီးဖိုပေါ်တင်ပြီးရေနွေးထည့်၍အဖုံးအုပ်၍ကြော်ပါ ရေခန်းအောင်ကြော်ပါ ပေါက်စီကျက်မှအဖုံးဖွင့်ပါ ။်
တမျိုးတမည်စားကောင်းသောပေါက်စီကြော်ဖြစ်ပါသည်။

No comments:
Post a Comment