အလုပ်တစ်ခုမှာ အောင်မြင်တိုးတက်ဖို့ အဓိကသိထားရမယ့် အချက်(၉)ချက်ကိုလည်း JOB seekers တို့အတွက် အခုပဲဖော်ပြပေးလိုက်ပါတယ်...
အလုပ်အကိုင် အောင်မြင်တိုးတက်မှုအတွက် နည်းလမ်းကောင်းများ
------------------------------------------------------------------------
ဝန်ထမ်းအများစုဟာ အလုပ်အကိုင် အောင်မြင်တိုးတက်မှုကို လိုလားကြသော်လည်း တိုးတက်မှုကို ပိတ်ဆို့ဟန့်တားသော အရာများကို မထိန်းချုပ်နိုင်ကြပါဘူး။ ကိုယ်ရေးကိုယ်တာ အပြင် လုပ်ငန်းပိုင်းဆိုင် ရာမှာပါ
အောင်မြင်မှုနဲ့ပျော်ရွှင်မှုများ ရရှိနိုင်ရန် မိမိကိုယ်တိုင် ထိန်းချုပ်နိုင်သော အရာများကို ဖော်ပြပေးချင်ပါတယ်။

(၁) ပြုလုပ်သောအရာများ
အမှားမပြုလုပ်မိပါစေနဲ့။ သင့်အပြုအမူနဲ့ လုပ်ကိုင်ပုံများကိုကြည့်၍ ဆုံးဖြတ်ခံရခြင်းဖြစ်ပါ တယ်။ ၀န်ထမ်းအများစုဟာ ကောင်းမွန်သော ရည်ရွယ်ချက်များရှိကြပြီး ပြုလုပ်ကြသော်လည်း အမှားများပြုလုပ်မိတတ်ပါတယ်။ အကဲဖြတ်သူများ ဟာ သင့်ရည်ရွယ်ချက်ကို အကဲဖြတ်ခြင်းမဟုတ်ဘဲ လုပ်ကိုင်ပုံကိုကြည့်ပြီး အကဲဖြတ်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် မိမိအပြုအမူကို ထိန်းချုပ်ပါ။
(၂) ပြောဆိုသောအရာများ
များများနားထောင်၍ နည်းနည်းပြောခြင်းဟာ ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါတယ်။ အရေးကြီးသော စကားတစ်ခွန်း သင့်နှုတ်မှ မထွက် ခင် အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ပါ။
(၃) စဉ်းစားတွေးခေါ်မှုနဲ့ ယုံကြည်မှု
သင့်လက်ရှိအခြေအနေအား အဆင်မပြေ ဖြစ်လျှင် (သို့) သင်ဦးတည်နေသော ရည်ရွယ်ချက် အား မနှစ်သက်လျှင် သင့်အတွေးအခေါ်များနဲ့ ယုံကြည်ချက်များကို ပြောင်းလဲပစ်ပါ။ အခြား အလုပ်တစ်ခုအား လိုအပ်လာလျှင်၊ ပိုမိုကောင်း မွန်သောဘ၀ကို အလိုရှိလျှင်၊ ၀င်ငွေပိုမိုရရှိလိုလျှင် ““မလုပ်နိုင်””၊ ““မဖြစ်နိုင်”” ဟူသော အတွေးများကို ““လုပ်နိုင်သည်””၊ ““ဖြစ်နိုင်သည်”” ဟု ပြောင်းလဲပါ။ သင့်အတွေးများဟာ ရလဒ်ကို ထိန်းချုပ်နိုင်၍ အကောင်းဆုံး စံနမူနာများတွေးခေါ်ခြင်းဖြစ်ပါစေ။
(၄) ကြိုးစားအားထုတ်မှု
ကောင်းမွန်သော အလုပ်တစ်ခုပြီးမြောက်နိုင် ရန် တာဝန်ယူပါ။ သင်ဟာ ကွဲပြားမှုကို ပြုလုပ်နိုင် ကြောင်းသိရှိ၍ အကောင်းဆုံးကြိုးစားအားထုတ်မှု ကို လုပ်ဆောင်ပါ။
(၅) သဘောထားနဲ့ တွေးခေါ်ပြုမူပုံ
အပြုသဘောဆောင်သော အတွေးအခေါ်၊ အပြုအမူများဟာ သင့်အလုပ်အကိုင်နဲ့ သင့်ဘ၀ တွင် အောင်မြင်စေနိုင်ပါတယ်။ ထို့ပြင် အကောင်း မြင်တတ်သော၊ အပြုသဘောဆောင်သောအတွေး အခေါ်အပြုအမူရှိသူများနဲ့ တွေ့ဆုံဆက်ဆံပါ။
(၆) တွေ့ဆုံဆက်ဆံသောသူများ
သင်လုပ်ကိုင်ခဲ့သော ကုမ်္ပဏီကိုကြည့်ရှု၍ သင့်အရည်အချင်းကို ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် စွမ်းဆောင်မှုကြီးမားသူများ၊ ကြိုးစား၍ အောင်မြင်သူများနဲ့ တွေ့ဆုံဆက်ဆံခဲ့ကြောင်း သေချာအောင်ပြုလုပ်ပါ။
(၇) သင်ယူလေ့လာမှုများ
နေရာတိုင်းတွင် သင်ယူလေ့လာစရာများ ရှိ ပါတယ်။ သင့်အောင်မြင်မှုများနဲ့ ကျရှုံးမှုများတွင် လည်း သင်ခန်းစာများရှိပါတယ်။ သို့သော်ဖြစ်ပျက် ခဲ့သောကိစ်္စအပေါ်ပြန်လည်သုံးသပ်၍ ခွဲခြမ်းစိတ် ဖြာဖို့လိုအပ်ပါတယ်။ သင့်အတွေ့အကြုံများမှပေး သောသင်ခန်းစာများကိုလေ့လာသင်ယူ၍ မိမိကိုယ် ကို တိုးတက်အောင်လုပ်ဆောင်ပါ။
(၈) မျှဝေပေးသောအရာများ
အခြားသူများအား ပြန်လည်မျှဝေပေးသူ၊ ယုံကြည်ရသော အကြံပေးတတ်သူအဖြစ်ပြုမူပါ။ သင့်အဖွဲ့အစည်းအတွင်းရှိ ငယ်ရွယ်သော သူများ အား အတွေ့အကြုံများကို ပြန်လည်ဝေမျှ၍ သင် ကြားပေးပါ။
(၉) ပြောင်းလဲမှုများ
အခြားသူများအား မပြောင်းလဲနိုင်သော်လည်း သင့်ကိုယ်သင်ပြောင်းလဲနိုင်ပါတယ်။ သင့်ဘ၀တွင် အဆင်မပြေသောအပိုင်းများရှိလျှင် ပြောင်းလဲမှု များပြုလုပ်၍ မိမိဂုဏ်သိက်္ခာကို တိုးတက်အောင် ပြုလုပ်ပါ။ ပြောင်းလဲခြင်းဟာ ခက်ခဲသောအလုပ် ဖြစ်သော်လည်း ရရှိသည့်အကျိုးအမြတ်ကတော့ ထိုက်တန်ပါတယ်။
(Ref:human resources.com)

No comments:
Post a Comment