Thursday, November 6, 2014

ငါးခူ စဉ်းကောနှင့်ရဲယိုရွက်




ငါးခူ စဉ်းကောနှင့်ရဲယိုရွက်
*****************

ငါးခူကြီးကြီး............(၁) ကောင်
ရဲယိုရွက်နုနု............သန်.စင်ပြီးလက်တစ်ဆုပ်စာခန်.
ကြက်သွန်နီ............၁ လုံး( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ...........၅ တက်(နုပ်နုပ်စဉ်း)
ခရမ်းချဉ်သီး...........၁ လုံး( နုပ်နုပ်စဉ်း )
ငရုတ်သီးစိမ်း.........၅ တောင့်ခန်.( ပါးပါးလှီး)

အခုအချိန်မှာ..ဈေးတိုင်းလိုလို..ငါးခူ ကိုအပြီးအစီးကိုင်ပေးပြီး..မိမိလိုချင်သလိုတုံးထစ်ပေးကြပါတယ်..။

တကယ်လို.မရဘူးဆိုလည်း...ငါးခူ ကို မီးသွေးပြာ(သို.) မန်ကျည်းသီးမှည့်
ရည်လေးနဲ.အချွဲတွေပြောင်စင်အောင်ဆေးပြီး...ခေါင်းကိုဖယ်ထုတ်လိုက်ကာ
ဓါးထက်ထက်နဲ. လွှာချလိုက်ရင်..ငါးခူကအရိုးပါးမို..အလွယ်တကူပဲအသား
ထုတ်လို.ရပါတယ်..။

ငါးခူအကောင်သေးတွေကိုတော့..အရိုးအပါအ၀င်ခပ်ကြမ်းကြမ်းစဉ်းနိုင်ပါ
တယ်..။

ရဲယိုရွက်တွေကိုလည်း..ခပ်ပါးပါးလှီးထားပါ။

ဒယ်အိုးတစ်လုံးမှာ..နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ ၊ ဖြူ ကို နနွင်း၊ အရောင်တင်မှုန်.အနည်းငယ်စီတို.နှင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးတွေကို ထည့်ပေါင်းပါ။ သိပ်မကြာခင်
မှာပဲ..စဉ်းထားတဲ့..ငါးခူတွေကိုထည့်ပါ။

ငါးငံပြာရည်၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းကာ..ရေလေးအနည်းငယ်သာဖြည့်ပြီးတာ
နဲ. ခပ်ပါးပါးလှီးထားတဲ့ရဲယိုရွက် ၊ ငရုတ်သီးစိမ်းလေးတွေထည့်ပါ။

နှပ်ချက်ပုံစံလိုအကြာကြီးလည်းမဟုတ်၊ အမြန်ကြော်လိုလည်းမမြန်ပဲ..အချိန်
အလည်ပိုင်းလောက်လေး..ယူပြီးချက်ရတဲ့ဟင်းမျိုးပါ။

ငါးခူတွေက အရမ်းအိသွားတာမျိုးလည်းမကောင်းသလို ရဲယိုရွက်တွေအပျော်
လွန်ရင်လည်း..အရမ်းခါးသွားတာမျိုးဖြစ်တတ်ပါတယ်..။

No comments:

Post a Comment