Thursday, November 6, 2014

မိုးကုတ်ကျောက်ဖရုံသီးနှင့်ကြက်သားဟင်း






မိုးကုတ်ကျောက်ဖရုံသီးနှင့်ကြက်သားဟင်း
***************************

ကြက်သား..............၅၀ သား
ကြက်ခေါ င်းနှင့်ခြေထောက်..၂၅ ကျပ်သား
ကြက်သွန်နီ...............၂ လုံး
ကြက်သွန်ဖြူ...............၅ တက်
ချင်း.........................၁ တက်
ဆား+ ဟင်းခတ်မှုန်. ..သင့်ရုံ
ငရုတ်ကောင်း...........အနည်းငယ်

ကျောက်ဖရုံသီးနဲ.ရောမှာဆိုတော့..အသားချ ည်းမဟုတ်ပဲ.
.ခေါ င်းခြေထောက်တွေကိုလည်းအနည်းငယ်မျှ ၀ယ်ပါတယ်..ဒါမှဟင်းရည်ကို
ပိုမိုအရသာပြည့်ဝစေမှာပါ..။

ကြက်သား ၊ ခေါင်း ၊ခြေထောက်တွေကို ရေဆေးသန်.စင်ပြီးအနေတော်
အတုံးလေးများတုံးကာ...ချ င်း+ကြက်သွန်ဖြူ ရောထောင်း ၊ ကြက်သွန်နီပါး
ပါးလှီး ၊ နနွင်ွးှရောင်တင်ပါသည်ဆိုရုံလောက်နဲ. ဆား ၊ ဟင်းခတ်မှုန်.တို.
အရသာသွင်းကာ..လုံးချက် ..ချ က်လိုက်ပါတယ်..။

ထိုအချိန်မှာ ကျောက်ဖရုံသီးကိုအခွံခွါ ၊ အစေ့ထုတ်ပြီး..ရေဆေးသန်.စင်ကာ
အနေတော်အတုံးလေးများရအောင်တုံးထားပါတယ်..။

ကြက်သားက ၃ ပုံ ၂ ပုံလောက်နှူးအိပြီဆိုမှ...ကျောက်ဖရုံသီးတွေပေါင်းထည့်
ပါတယ်..။

နောက်ဆုံးကျောက်ဖရုံသီးရော ၊ ကြက်သားတွေနှုးပြီဆိုမှ..ငရုတ်ကောင်းလေးခပ်ပါတယ်..။

စားသုံးဖို.ပန်းကန်ထဲခူးခပ်တဲ့အချိ န်မှာ ကြက်သွန်မြိတ် + နံနံ ပင်လေးဖြူးထည့်သလို...ချင်းအမျှင်ပါးပါးလှီးထားတာလေးအနည်းငယ်ကိုဖြည့်စွက်အလှဆင်ပါတယ်...။

မိုးကုတ်ကျောက်ဖရုံသီးက အခြား ဒေသထွက်ကျောက်ဖရုံသီးတွေနဲ.ကွဲပြား
ခြားနားတဲ့အရသာရှိတယ်ဆိုတာ....သေချာ လေ့လာ ပြီးစမ်းသပ်ကြည့်နို်င်ပါတယ်...။

No comments:

Post a Comment