Farozah Mohamad Musaさんが写真2枚を追加したで。
ရွှေကြည်ထိုးရအောင်
ဒီမှာတော့အဲ့ရွှေကြည်ဝယ်ပါတယ်..၅၀၀ ဂရမ်ရှိပါတယ်
ကျမအထုတ်ရဲ့တ၀က်ကိုအုန်းနို့၂ဘူးထည့်ပါတယ်။အခုထည့်ထားတဲ့ဘန်းလေးနဲ့၂ဘန်းရပါတယ်
စလုပ်ရမှာကရွှေကြည့်မှုံ့ကိုနဲနဲလေးရဲလာတဲ့အထိလှော်ပါတယ်။

ကြည့်မှုံ့ကိုနဲနဲလေးရဲလာတဲ့အထိလှော်ပါတယ်။
ပြီးရင်ရွှေကြည်ထိုးမဲ့အိုးထဲကိုထည့်ပါတယ်။
အုန်းနို့ဘူးဖေါက်ထည့်ပါတယ်၊၊ရေကိုလဲအလွယ်တကူအဲ့အုန်းနို့ဘူးနဲ့၂ဘူးထည့်လိုက်ပါတယ်၊၊ဆီတဘူးထည့်ပါတယ်၊ထောပတ်အဲ့ဘူးရဲ့လေးပုံတပုံထည့်ပါတယ်။ကြက်ဥတလုံးကောင်းကောင်းခေါက်ပြီးထည့်ပါတယ်။သကြားတဘူးထည့်ပါတယ်။အချိုကကြိုက်သလိုလိုတိုးပိုလျော့လုပ်ပါ၊ဆားအနဲငယ်ထည့်ပါတယ်။
တချို့ကတော့နို့စိမ်းတဘူးထည့်ပါတယ်။။ကျမကတော့မထည့်ပါဘူး။ပြီးရင်အိုးထဲအားလုံးဖျော်ပြီးမီးဖိုပေါ်မှာယောင်းမရှည်ရှည်နဲ့မွှေပါတယ်။။ယောင်းမတိုရှုလက်ကိုပူမဆိုးလို့ပါ။။တော်တော်လေးစီးနေအောင်ထိုးရပါတယ်။။ထိုးသားကျလာရင်တော့ဘန်းထဲထည့်၊သေချာလေးဖိထည့်။ဆီသုတ်ထားတဲ့ယောင်းမလေးနဲ့မျက်နှာပြင်သေချာညှိ။ပြီးရင်ဘိန်းစေ့လေးဖြူး။။အပေါ်မီးလေးနဲ့ဖုတ်ပါ။။ကျမကတော့အပူချိန်၁၈၀ နဲ့အိုဗင်မှာ၁၀ မိနစ်လောက်ဖုတ်ပါတယ်..နိုင်ငံခြားမှာမို့မီးသွေးရှာဖို့မလွယ်။။အိုဗင်မသုံးတဲ့သူတွေအတွက်မနီရဲ့နည်းလေးပါ။ဘန်းကိုအဖုံးတင်ပြီးအ၀တ်တိုက်တဲ့မီးပူကိုမှောက်တင်ထားလိုက်တယ်..အဲ့လို..
တချို့ကလဲအပေါ်မီးမဖုတ်ပဲဒီအတိုင်းပဲအအေးခံလိုက်ပါတယ်။
ရွှေကြည်ရပါပြီ။။
ဒါကရိုးရိုးပါ။။
တချို့အထံမှာကျောက်ဖယုံယိုတဲ့သဗျက်သီးခြောက်တို့ထည့်ပါတယ်။ဒူးရင်းသီးပေါ်ချိန်ဒူးရင်းသီးလဲထည့်ထိုးကြပါတယ်။ရွှေကြည်ကြိုနေချိန်ဒူးရင်းသီးအသားထည့်ထိုးကြပါတယ်။။
ဒီနည်းလေးကတော့ကျမကိုယ်တိုင်ထိုးစားတဲ့နည်းလေးပါ။။
ချစ်သူငယ်ချင်းအားလုံးကိုခင်မင်လေးစားတဲ့
မနီ
နော်ဝေး

No comments:
Post a Comment