Saturday, November 15, 2014

ချို၊ ချဉ်၊ စပ် ၊ ခါး အစားနဲ့ စိတ်ကို ပြုပြင် နိုင်မယ့် အခွင့်အရေး

Yangon Life Myanmarさんが写真4枚を追加したで。
ချို၊ ချဉ်၊ စပ် ၊ ခါး
အစားနဲ့ စိတ်ကို ပြုပြင် နိုင်မယ့် အခွင့်အရေး
(၁) အချဉ်
သင့်ရဲ့ စိတ် အကြောင်းအရင်းမရှိပဲ ညှိုနွမ်း၊ထုံမှိုင်းနေသလား။ ဒါဆို အချဉ်ကို စားပါ။ အချဉ်ရဲ့ ဓာတ်သဘာဝက လူ့ကိုယ့်ခန္ဓာကို ပြန်လည် လန်းဆန်းစေပါတယ်။ (ဥပမာ- ရှောက်သီးသုပ်စားခြင်း)
(၂) အစပ်
ချွေးမထွက်ချိန်၊ သွေးလေး ခေါင်းကိုက်ချိန်၊ သွေးလည်ပတ်မှု နည်းတဲ့အချိန်တွေမှာ အစပ်ကို သတိရလိုက်ပါ။ (ဥပမာ- သင်္ဘောသီးထောင်း၊ ရခိုင်မုန့်တီ) ကို ခပ်စပ်စပ်လေး သောက်လိုက်ပါ။ စပ်တဲ့ အရှိုန်းနဲ့ ချွေးတွေထွက်၊ နှလုံးလည်ပတ်မှုလည်းအားကောင်းပြီး သွေးလည်ပတ်မှုလည်း ..ok.. လာပါ လိမ့်မယ် ။
(၃) အချို
သင် စိတ်ညစ်ချိန် ၊ စိတ်လှုပ်ရှားချိန်၊ စိတ်ဂယောက်ဂယက် ဖြစ်ချိန်၊ ခေါင်းထဲမှာ အကြောင်းအရာတွေ စုပုံနေပြီး ခေါင်းရှုပ်နေတဲ့ အခါမျိုးမှာ အချို စားပေးသင့်ပါတယ်။ အချို ဟာ လူ့ရဲ့ စိတ်တင်းကြတ်မှုတွေကို ဖြေလျော့ပေးတာကြောင့်. ဥပမာ- ရေခဲမုန့် .ဖြစ်ဖြစ် အချိုဓာတ်ပေါက်တဲ့ စားစရာကို စားလိုက်ပါ။ အသဲခွဲခံရတဲ့ မိန်းကလေးတွေအတွက် အချိုက ရင်နာနေတာကို လျော့ပေးပါလိမ့်မယ်။
(၄) အခါး
အခါးဓာတ်က လေနိုင်ပါတယ် ။ အများသောအားဖြင့် လူကြီးတွေ စားပေးသင့်ပါတယ်။ လူငယ်တွေ အတွက်လည်း အခါးဟာ ဆေးဖက်ဝင်ပါတယ်။ မိန်းကလေးတွေ အဖြစ်များတဲ့ လေပွခြင်းကိုလည်း အခါးက ကာကွယ်ပေးပါတယ်။ ဝမ်းမှန်လေမှန်စေတဲ့အတွက်လည်း စိတ်ကြည်လင်စေပါတယ်။
ဒီစားသောက်နည်းလေးတွေက စိတ် relax ဖြစ်အောင် ပြန်လည် ပြုပြင်ပေးပါလိမ့်မယ်…..
စုစည်းတင်ပြသူ - LILY

No comments:

Post a Comment