ရှမ်းခေါက်ဆွဲ
From Myanmar Online Encyclopedia
Jump to: အညွှန်း, ရှာဖွေရန်
ရှမ်းခေါက်ဆွဲသည် ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ခေါက်ဆွဲဖတ်ကို မူတည်၍ အမျိုးအစားကွဲပြားသည်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တို့ဟူးပျော့ ဟူ၍ကွဲပြားပြီး အသုပ်၊ အရည်ဖျော်ဟူ၍ ကြိုက်နှစ်သက်သလို သုံးဆောင်ကြသည်။ ရှမ်းခေါက်ဆွဲကို ကြက်သား၊ ၀က်သားနှင့် သားသတ်လွတ် အမျိုးမျိုး ပြုလုပ်စားသုံးကြသည်။[ပြင်ဆင်ရန်] သားသတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည်.ကြော်၍ ကြက်သွန်ဖြူဆီချက် လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ Black Pepper အမူန့် အနည်းငယ်ထည့်ထားပါ။
No comments:
Post a Comment