သင့်ခန္ဓာကိုယ်အတွက် သောက်သုံးသင့်တဲ့ဖျော်ရည်
သင့်ခန္ဓာကိုယ်အတွက် သောက်သုံးသင့်တဲ့ဖျော်ရည်
1. မုန်လာဥနီ + ဂျင်း + ပန်းသီး ကတော့ ခန္ဓာကိုယ်စနစ်တစ်ခုလုံးကို မြှင့်တင်ပေးကာ သန့်စင်ပေးတဲ့ တာဝန်ကိုယူပါတယ်။
2. ပန်းသီး + သခွါးသီး + မုန်ညင်းရွက် တို့က ကင်ဆာကို ကာကွယ်ပေးပါတယ်တဲ့။ ကော်လက်စထရော ကိုလဲကျစေတဲ့ပြင်အစာအိမ်မကောင်း ခြင်းနဲ့ ခေါင်းကိုက်ခြင်းကိုပါ အမြစ်ပြတ်သုတ်သင်ပေးပါတယ်။
3. ခရမ်းချဉ်သီး + မုန်လာဥနီ + ပန်းသီး တို့ကတော့ အသားအရေကို ကြည်လင် တောက်ပစေပြီးတော့ အသက်ရှူစနစ်ကိုလည်းအထောက်အကူပေး ပါတယ်။
4. ပန်းသီး + နို့ + ကြက်ဟင်းခါးသီး က အသက်ရှူလမ်းကြောင်းမကောင်းခြင်း ကို ကာကွယ်ပေးပြီးတော့နဲ့ခန္ဓာကိုယ် အပူဓာတ်ကိုလျှော့ကျစေပါတယ်။
5. လိမ္မော်သီး + ဂျင်း + သခွါးသီး တို့က အသားအရေစိုပြေမှုကိုအားပေးပြီး ခန္ဓာကိုယ်အပူဓာတ်ကိုလျော့ကျစေပါ တယ်။
6. နာနတ်သီး + ပန်းသီး + ဖရဲသီး တို့ကတော့ ခန္ဓာကိုယ်မှာပိုနေတဲ့ ဆားဓာတ်ကို ချေဖျက်ပေးကာ ကျောက်ကပ်နဲ့ ဆီးအိမ်ကိုလည်းအား ကောင်းစေပါတယ်။
7. ပန်းသီး + သခွါးသီး + ကီဝီသီး တို့ရဲ့တာဝန်ကတော့ အသားအရေကို စိုပြေစေဖို့ကို အားပေးဖို့ပါ။
8. သစ်တော်သီး + ငှက်ပျောသီး ကတော့ သကြားပါဝင်နှုန်းကို မျှတစေတဲ့အသီးတွေပါ။
9. မုန်လာဥနီ + ပန်းသီး + သစ်တော်သီး +သရက်သီး တို့က ခန္ဓာကိုယ်ရဲ့အပူဓာတ်ကိုမျှစေပြီး အဆိပ်အတောက်ဖြစ်တာတွေကို
တွန်းလှန်ပေးကာ သွေးဖိအားကိုလည်းကျစေပါသတဲ့။
10. စပျစ်သီး + ဖရဲသီး + နို့ + သခွားမွှေး တို့ထဲမှာ ဗီတာမင် စီ၊ ဘီ12 တို့ကြွယ်ဝစွာပါဝင်ပါတယ်..အဲ့ဒါ ကြောင့်ပဲ သူတို့တွေဟာဆဲလ်တွေရဲ့လုပ်ငန်း စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်မှုစနစ် ကိုလည်း အားကောင်းစေပါတယ်။
11. သဘောင်္သီး + နာနတ်သီး + နို့ တွေထဲမှာတော့ ဗီတာမင် စီ ၊ အီး၊ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့အသားအရေကိုစိုပြေေ စပြီး ခန္ဓာကိုယ်ရဲ့ဓာတ်ပြောင်းလဲမှု စနစ်ကိုလည်း အထောက်အကူပြုပေးပါတယ်။
12. ငှက်ပျောသီး + နာနတ်သီး + နို့ တွေရဲ့အာနိသင်က ဗီတာမင်တွေကြွယ်ဝစွာပါတဲ့အတွက် အာဟာရဖြစ်စေပြီး ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေး ပါတယ်။
ကျွန်ပ်တို့ခန္ဓာကိုယ်က ဘယ်ဖျော်ရည်ကိုတောင်းတနေသလဲဆို တာသိပြီဆိုရင်ကိုယ့်အတွက် အကောင်းဆုံးဖျော်ရည်ကို ရွေးချယ်ပြီး သောက်သုံးကြစို့နော်
http://www.boschblenders.com/(foreigner သယ်ရင်းတစ်ယောက်ပို့တဲ့မေးလ်ကို ဘာသာပြန်ပြီးတင်ပေးတာပါ :) ကျွန်တော်က ပြန်လည်ပြီး ကော်ပီးလုပ်ထားကြောင်း
No comments:
Post a Comment