Wednesday, October 29, 2014

ဝက်ကလီစာပာင်း




ဝက်ကလီစာပာင်း
***********
ဝက်ကလီစာပာင်းချက်မယ်ဆိုရင်...ကျွန်တော်က ကျောက်ကပ်ကိုအမြဲရှောင်
ပါတယ်...ကျောက်ကပ်က ညှီနံ.အဆိုးဆုံးဖြစ်လို.ပါ။

ရွေးချယ်ဝယ်ရမှာကတော့...အူမ၊ အချင်းတိုင်၊ အူပိတ်၊ အူချို၊ နှလုံး၊ သရက်
ရွက်အနည်းငယ်နဲ. အသည်းအနည်းငယ်တို.ပဲဖြစ်ပါတယ်..။

မြန်မာပာင်းချက်နည်းအရ..၀က်ကလီစာက ဘယ်ပာင်းခတ်အမွှေးအကြိုင်
နဲ.မှမလိုက်ဖက်လို.ကျွန်တော်က ချင်းကို ပဲအဓိကထားပြီးချက်ပါတယ်..။

ဝက်ကလီစာရောရာ.............၇၀ ကျပ်သား
ကြက်သွန်နီ........................၂ လုံး
ကြက်သွန်ဖြူ.......................၃ တက်
ချင်းကြီးကြီး........................၁ တက်
ဆီ....................................၂ ဇွန်း
နနွင်းမှုန်.+ အရောင်တင်........ဇွန်းဝက်စ
ဆား+ ပာင်းခတ်မှုန်. ............အနည်းငယ်စီ
တရုတ်ပာင်းချက်ဆန်အရက်....၁ ဇွန်း( ထမင်းစားဇွန်း)

ပထမဆုံး..အူနဲ.ပက်သက်တာတွေ( အချင်းတိုင်၊ အူမ ၊ အူချို ၊ အူပိတ်)ကို
အညစ်အကြေး၊ အဆီစတာတွေကို ပြောင်စင်အောင်သန်.စင်လိုက်ပါ။

အူပိတ်တွေကရှည်တယ်ဆိုတော့..၀ါးတူလေးနဲ.ထိုးလှန်ပြီး..သေချာသန်.စင်
ဖို.လိုအပ်ပါတယ်..။

အညစ်အကြေးအားလုံးထုတ်ပြီးပြီဆိုရင်တော့..ရေနွေးစိမ်ထားတဲ့မန်ကျည်းသီးမှည့်တွေကို လောင်းချပြီး(၁၀) မိနစ်ခန်.ရေစိမ်ထားပါ။

ထို.နောက်မှ..မန်ကျည်းရည်နဲ.သေချာပွတ်ဆေးလိုက်ရင်..အကျိအချွဲတွေ
အားလုံးကင်းစင်သလို ညှီနံ.လည်းမရတော့ပါဘူး...။

အခြား( အသည်း၊ နှလုံး ၊ သရက်ရွက်) တို.ကိုလည်းသန်.စင်ဆေးကြာပြီး
အားလုံးကိုအရွယ်ညီလေးတွေတုံးပါ။

ကြက်သွန်နီကိုပါးပါးလှီးသလို ၊ ကြက်သွန်ဖြူနဲ. ချင်းကိုလည်းညှက်နေအောင်ထောင်းပါ။

ချက်မယ့်အိုးထဲမှာဝက်ကလီစာတွေကို အနေတော်တုံးပြီးထည့်ကာ၊ ဆား၊
ပာင်းခတ်မှုန်.၊ နနွင်း+ အရောင်တင်၊ ကြက်သွန်နီ၊ ထောင်းထားသောအရော
တရုတ်ပာင်းချက်ဆန်အရက်တို.နဲ့..သမသွားအောင်နာနာလေးနယ်ပေးပါ။

ဆီ ၂ဇွန်းကို ဒယ်အိုးပတ်ပတ်လည်မှာဝှိုက်ထည့်ပြီး..ပထမ ရေခမ်း၊ အနှစ်
ကျပြီး..ဆီပြန်လာသည်အထိ အဖုံးပိတ်ချက်ပါ။

မီးကိုလျှော့ချပြီး..လိုအပ်သလောက်ရေ ၃- ၄ ခါထပ်ဖြည့်ပြီး..ဆီပြန်လာအောင်ချက်ရင်..ညှီနံ.ကင်း၊ စားလို.ကောင်းတဲ့
ဝက်ကလီစာဆီပြန်ပာင်းလေးရပါပြီ။





facebook မှ

No comments:

Post a Comment