Wednesday, October 29, 2014

ကြက်သွေးခဲ ကြော်




ကျွန်တော်..ဒီနေ. Shopping Mall မှာ...ဘာတွေရှိမလဲ( မီးဖိုချောင်တန်းဖက်) လေ့လာကြည့်ရင်း....ထူးထူးခြားခြား.ကြက်သွေးခဲတွေ.
ပါတယ်....မစားဖြစ်တာကြာတော့ ( ဟိုးငယ်ငယ်က ဆို အမေက ၀က်သွေးခဲ
ကြော် ချက်လေ့ရှိပါတယ်..။ ဒီဟင်းချက်နည်းကိုမနှစ်သက်သူများ..ရှောင်သွားကြဖို.မေတ္တာရပ်ခံအပ်ပါ
တယ်..ကျွန်တော်ကြိုက်တတ်တဲ့ဟင်းပွဲမို.တင်လိုက်မိပါတယ်..။

ကြက်သွေးခဲ ကြော်
************

ကြက်သွေးခဲ........၁ တုံး( ၅၀၀ ဂရမ် )
ကြက်သွန်နီ.........၁ ခြမ်း
ကြက်သွန်ဖြူ........၃ တက်
ချင်းမျှင်မျှင်..........အနည်းငယ်
ကြက်သွန်မြိတ်+ နံနံ..အနည်းငယ်
ဆား+ သကြား + ဟင်းခတ်မှုန်. + ခရုဆီ...အနည်းငယ်စီ

ကြက်သွေးခဲကိုရေဆေး ပြီးမထူမပါးလေးလှီးပါတယ်...။ပါဝင်တဲ့အရသာတွေအားလုံးကိုကြက်သွေးခဲ
ပေါ်အရံသင့်ထည့်ထားလိုက်ပါတယ်..။

ဆီအနည်းငယ်ကို အပူပေးပြီး..ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၊ ဖြူ ၊ ချင်းတွေ
ကိုဆီသတ်ပါတယ်..။

မွှေးလာပြီဆိုတာနဲ. အရသာသွင်းထားတဲ့ ကြက်သွေးခဲတွေထည့်ပြီး..မီးပြင်း
ပြင်းမှာ (၇) မိနစ်ခန်.ကြော်ပါတယ်..။

နောက်ဆုံး..ငရုတ်ကောင်းမှုန်.လေးဖြူး..လက်တစ်ဆစ်ခန်.လှီးထားတဲ့ကြက်
သွန်မြိတ် ၊နံနံပင်လေးတွေ..အုပ်ပြီး..သုံးဆောင်ပါတယ်..။

No comments:

Post a Comment