Wednesday, October 29, 2014

ဝက်သားနှင့်ပိန္နဲသီးနှပ်




ဝက်သားနှင့်ပိန္နဲသီးနှပ်
**************

ပိာုးအရင်က ကျွန်တော်..၀က်သားနဲ.ပိန္နဲသီးတစ်ခါမှချက်မစားဖူးဘူး...ကျွန်တော့်အိမ်နား
ကမြို.ပတ်ရထားလက်မှတ်ရောင်းတဲ့ဘူတာတစ်ခုရှိတယ်..အဲ့ဒီမှာတာဝန်ကျတဲ့အစ်ကိုကြီးတစ်ယောက်ရဲ.အမျိုးသမီးကထမင်းချိုင့်လာပို.တော့
ဝက်သားနဲ.ပိန္နဲသီးနှပ်ပာင်းနဲ.လာပို.တာ...။ကျွန်တော်လည်းစားကြည့်ပြီးသ
ဘောကျလွန်းလိုနောက်တစ်ခါအဲ့ဒီအစ်မချက်ရင်...နည်းလမ်းယူပါရစေဆိုပြီးသင်ယူထားတာ...။အမိုက်စားပဲ..သူသင်ပေးတဲ့နည်းလမ်း
လေးက...ကျွန်တော်သဘောကျလို.ပိန္နဲသီးနုနုပေါ်တိုင်းချက်စားဖြစ်တယ်....။

ဝက်သားနှင့်ပိန္နဲသီးနှပ်
**************

ပါဝင်ပစ္စည်းများ......


ပိန္နဲသီးအလတ်ရွယ်...............၁လုံး
ဝက်သား(သုံးထပ်သား).........၁ ကီလို
ကြက်သွန်နီ........................ ၅ လုံး
ချင်း၊ ကြက်သွန်ဖြူရောရာ.......အနည်းငယ်
ပဲငံပြာရည်အကြည်...............အနည်းငယ်
ပဲငံပြာရည်အပျစ်(ကြာညှို.)...အနည်းငယ်
ပာင်းခတ်မှုန်..................... (၁) ဇွန်း
သကြား+ ဆား...................အနည်းငယ်စီ

ပထမဆုံးပိန္နဲသီးကို ဓါးထက်ထက်နဲ. အခွံခွာချပြီး.၂ လက်မတုံးလေးများတုံးပြီး
ဆားအနည်းငယ်နှင့်ရေစိမ်ထားပါ (ပိန္နဲသီးအခွံခွါချိန်မှာ ဆီအနည်းငယ်(သို.) ဖရုံရွက်ကိုအသုံးပြုပါက...အစေးများမကပ်ပါဘူး)

ဝက်သားတွေကို၁လက္မခွဲအရွယ်တွေတုံးပြီး.ချင်း၊ကြက်သွန်ဖြူအရော၊ပဲငံပြာရည်အကြည်၊ အပျစ်၊ ဆား၊ ပာင်းခတ်မှုန်.တို.နဲ့အနည်းဆုံးနာရီဝက်ခန်.နှပ်ထားပါ။

ထိုစဉ်အတွင်း...ပိန္နဲသီးတုံးလေးတွေကို..ပေါင်းအိုးတစ်ခုဖြင့်၎ ပုံ ၃ပုံနှူးသည်အထိအငွေ.ခံပေါင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူ ကြက်သွန်နီကို နနွင်းမှုန်.၊အရောင်တင်
မှုန်.တို.နှင့်အတူဆီသတ်ပါ..ကြက်သွန်နီအနည်းငယ်နွမ်းလာလျှင်နယ်ထား
သောဝက်သားများကိုပေါင်းထည့်ပြီး..လုံးချက်..ချက်ပေးပါ...။

ကြက်သွန်နီများလုံးဝပျော်ဝင်သွားပြီဆိုလျှင်ရေအနည်းငယ်ပေါင်းထည့်ကာမီးအေးအေးဖြင့်နှပ်ပါ....။

ဝက်သားများအတော်အသင့်နှူးအိလာပြီဆိုပိန္နဲသီးများထည့်ပေါင်းပြီး..မီးအေးအေးဖြင့်အဖုံးပိတ်ပြီးနှပ်ပါ။(မလိုအပ်ပဲ မမွှေရအောင်..မီးကိုအနည်းဆုံးလျှော့ချထားသင့်ပါတယ်)

ဝက်သားကပိန္နဲသီးလား..ပိန္နဲသီးက၀က်သားလား...မှားရတဲ့ ၀က်သားပိန္နဲသီးနှပ်ချက်ပာင်းတစ်ခွက်ပါ...။

No comments:

Post a Comment