Thursday, October 30, 2014

ဝက်သားသုပ်





ဝက်သားသုပ်
*********

ဝက်သား(ပေါင်သား ).......၃၀ ကျပ်သား
ကြက်သွန်နီ...................၁ လုံး
သခွားသီး.....................၁/၂ လုံး
ငရုတ်ဆီ......................၃ ဇွန်း( ထမင်းစားဇွန်း)
မန်ကျည်းမှည့်ရည်..........၁ ဇွန်း(..........။........)
ပဲငံပြာရည်အကြည်
သကြား
ဟင်းခတ်မှုန်.
နံနံပင်
ငရုတ်သီးလှော်မှုန်.

ဝက်ပေါင်သားတွေကို..ဆား ၊သကြားနဲ.အရသာနယ်ပြီး..ချင်းသးသေး၁တက်
ကိုဓါးပြားရိုက်ထည့်ကာ..ရေမြုပ် ရုံလေးထည့်ပြီး..ရေခမ်း၊ရွှေညိုရောင်လေး
သန်းလာသည်အထိပြုတ်ပေးပါ။

ရေခမ်းသွားပြီဆိုရင်...ဆီပူပူမှာခေတ္တသာထည့်ကြော်ပြီးအအေးခံထားပါ။

ကြက်သွန်နီ ကိုပါးပါးလှီးပြီးသခွားသီးကိုအမျှင်ပုံစံလေးတွေလှီးပါ။

ဝက်သားကိုလည်းပါးပါးလှီးကာ..ပါဝင်ပစ္စည်းအားလုံးနဲ.ရောနယ်ပါ။

နံနံပင်ဖြစ်စေ..ရှောက်ရွက်ဖြစ်စေ..မိမိနှစ်သက်ရာကိုပါးပါးလှီးထည့်ပေးနိုင်ပါတယ်...။

No comments:

Post a Comment