Chaw Su's Food Friendsさんが写真10枚を追加したで。
စပါးလင် ပဒဲကော နဲ့ ကြက်အသည်းချဉ်စပ်ခေါက်ဆွဲ
***... စပါးလင် ပဒဲကော နဲ့ ကြက်အသည်းချဉ်စပ်ခေါက်ဆွဲ အတွက် လိုအပ်တာလေးတွေ…
ရေ – 8 cups (2000 ml)
ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ အတက်ကြီး – ၆ တက်
ရှောက်ရွက် (kaffir lime leave) – ၄ ရွက်
ပါးပါးလှီးထားသော ပဒဲကော (galanga) – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ကြေအောင်ထုထားသော ၃ လက်မအရှည်ခန့် စပါးလင် – ၅ ပင်
ကြက်ရင်ပုံတစ်ခြမ်း နှင့် ကြက်ရိုး – 800g
အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငါးငံပြာရည် – 1/4 cup (60 ml)
တစ်လက်မခွဲအရွယ် အတုံးလေးများ လှီးထားသော ကြက်အသည်း – ၅ ခု
ငုံးဥ – အလုံး ၂၀
မှို – 150g
ငရုတ်သီးစိမ်း – စားနိုင်သလောက် (စပ်လေကောင်းလေ)
သံပုရာသီး – ချိန်ဆပြီးထည့်ပါ

high heat ဖြင့်အပူပေးထားသော ရေနွေးပွက်ပွက်ဆူလာလျှင် ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ပဒဲကော နှင့် စပါးလင်ကိုထည့်ကာ ၅ မိနစ်ခန့် အိုးအဖုံးဖွင့်ပြီးတည်ထားပါ။
ထို့နောက် ကြက်သား နှင့် ကြက်ရိုးကိုထည့်ကာ အိုးအဖုံး ဖုံး၍ ၁၅ မိနစ်ခန့် ပြုတ်ပြီးလျှင် ကြက်ရင်ပုံကိုဆယ်ထုတ်ကာ အသားနွှင်ထားပါ။ (ပြုတ်ထားချိန်တွင် ထွက်လာသော အမြှုပ်များကို ခပ်ထုတ်ပစ်ပါ။)
ဟင်းရည်အိုးကို medium heat ဖြင့် ဆက်တည်ထားပါ။
နောက်အိုးတစ်လုံးမှ ရေနွေးပွက်ပွက်ဆူလာလျှင် ကြက်အသည်းကိုထည့်ကာ အိုးအဖုံးဖွင့်၍ ၅ မိနစ်ခန့်ပြုတ်ပြီး အသည်းများကိုဆယ်ထုတ်ကာ အရည်ကိုသွန်ပစ်ပါ။ (ကြက်အသည်းမှ ထွက်လာမည့် အနှစ်များကို မလိုသဖြင့် အိုးခွဲပြုတ်ပေးတာပါ။)
ပြီးလျှင် ဟင်းရည်အိုးကို high heat သို့ပြန်တိုးပြီး အရသာမှုန့်၊ ငါးငံပြာရည်၊ နွှင်ထားသောအသား၊ ကြက်အသည်း နှင့် ငုံးဥကိုထည့်ကာ အိုးအဖုံး ဖုံး၍ ၅ မိနစ်ခန့်တည်ထားပါ။
ထို့နောက် မှို၊ ငရုတ်သီးစိမ်း နှင့် သံပုရာသီးကိုညစ်ထည့်ကာ ၃၊၄ ချက်မွှေပြီး အိုးအဖုံး ဖုံး၍ မီးဖိုပေါ်မှချပါ။
ဟင်းရည်လေးကို ပါးပါးလှီးထားသော ပူစီနံ (သို့) ရှမ်းနံနံ ထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်သလို
ကြိုက်နှစ်သက်ရာ ခေါက်ဆွဲတစ်မျိုးမျိုးဖြင့် တွဲဖက်၍လည်း ပါးပါးလှီးထားသော ပူစီနံ (သို့) ရှမ်းနံနံ ထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
No comments:
Post a Comment