Animation ပြုလုပ်နည်း(၁)
Animation ဆိုတာ အင်တာနက်သုံးစွဲသူတိုင်း သိကြမှာပါ။ Animation ပြုလုပ်ပုံပြုလုပ်နည်းတွေ အများကြီးရှိတဲ့အထဲက Adobe Photoshop တင်တဲ့အခါမှာ တစ်ပါတည်းပါရှိတဲ့ Adobe Image Ready ဟာ Animation အခြေခံအဆင့်ဖြစ်ပါတယ်။ လုပ်ရတာလွယ်ကူပါတယ်။
အခု Animation ပြုလုပ်နည်းလေး အဆင့်ဆင့်ကို Adobe Image Ready နဲ့ အလွယ်တကူပြုလုပ်ပုံကို တင်ပြပေးသွားပါမယ်။ အလျဉ်းသင့်တဲ့အခါမှာ Photoshop သင်ခန်းစာများကို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်
အဆင့်(၁)
ပထမဆုံး Adobe Photoshop နဲ့ လူရွှင်တော်ရဲ့ လျှာလေးကို Select လုပ်ပြီး Ctrl + T ကိုနှိပ်ပြီး အောက်ကိုနည်းနည်းဆွဲဆန့်လိုက်ပါ
ပုံ(၁)

နော်ကဆက်လက်ပြီး ပုံ(၂)မှ(၅) အထိ နည်းနည်းချင်းဆွဲဆန့်ပြီး Jpeg Format နဲ့ File name 01 မှ 05 အထိ ပေးပြီး Folder တစ်ခုတည်ဆောက်ပြီး Save လုပ်ပါမယ်။
ပုံ(၂)
ပုံ(၃)

ပုံ(၄)

ပုံ(၅)

နော်ကဆက်လက်ပြီး ပုံ(၂)မှ(၅)အထိ နည်းနည်းချင်းဆွဲဆန့်ပြီး Jpeg Format နဲ့ File name 01 မှ 05 အထိ ပေးပြီး Folder တစ်ခုတည်ဆောက်ပြီး Save လုပ်ပါမယ်။
ကျွန်တော်ကတော့ Clown Folder ထဲမှာ အားလုံးသိမ်းလိုက်ပါတယ်။
ဆက်လက်ပြီး ပုံ(၅)ကို ပြန်ဖွင့်ပြီး ပုံ(၆)ဆိုပြီး Save As ပြန်လုပ်ပါ။

ပုံ(၄)ကို ပြန်ဖွင့်ပြီး ပုံ(၇)ဆိုပြီး Save As ပြန်လုပ်ပါ။

ပုံ(၃)ကို ပြန်ဖွင့်ပြီး ပုံ(၈)ဆိုပြီး Save As ပြန်လုပ်ပါ။

ပုံ(၂)ကို ပြန်ဖွင့်ပြီး ပုံ(၉)ဆိုပြီး Save As ပြန်လုပ်ပါ။

ပုံ(၁)ကို ပြန်ဖွင့်ပြီး ပုံ(၁၀)ဆိုပြီး Save As ပြန်လုပ်ပါ။

ကိုယ်သိမ်းလိုက်တဲ့ Folder ထဲမှာ Animation လုပ်မယ့် File (၁၀)File ပဲရှိရပါမယ်။
ဒါဆို Animation လုပ်ဖို့အတွက် Adobe Image Ready ထဲကို ၀င်လိုက်ပါ။
အဆင့်(၃)
File menu ထဲက Import ကနေ Folder as frames... ကိုရွေးလိုက်ပါ။
ပြီးရင် စောစောက Clown Folder ကိုရှာပြီး Click လုပ်ပါ။ OK ကို Click ထပ်လုပ်ပါ။

Adobe Image Ready ထဲမှာ အောက်ပါအတိုင်းတွေ့ရပါမယ်။

အောက်မှာ Animation က မြားပြထားတဲ့ Play button ကို Click လုပ်ကြည့်ပါ။


အချိန်သတ်မှတ်ပေးဖို့ Right Click လုပ်ပါ။
သင်နှစ်သက် အချိန်ကို Click လုပ်ပေးပါ။
Play ပြန်လုပ်ကြည့်ပါ။ ရပ်ချင်ရင် Stop ကို Click လုပ်ပါ။

အခုဆို Animation အခြေခံလေးတော့ သင်ရရှိသွားပါပြီ။ Web Page တို့ Power Point တို့မှာ သုံးလို့ရအောင် File menu က Save Optimized ကို ရွေးပြီး သင်နှစ်သက်ရာ အမည်နဲ့ သိမ်းလိုက်ပါ။

သင်သိမ်းလိုက်တဲ့ File ကို အလိုရှိသလိုအသုံးပြုနိုင်ပါပြီ။
အခုတင်ပြတာကတော့ အခြေခံလေးပါ။ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးတာလေးတွေကိုတော့ အချိန်အခါသင့်ရင် တင်ပြပေးပါမယ်။

No comments:
Post a Comment