|
ဒီလိုလေးချက်ကြရအောင် Photo ၀ိုက်ဖီ အတွဲ (၁၀)၊ အမှတ်(၅၀)
ပဲပင်ပေါက်ကြော်စားရတာ ငြီးငွေ့နေသူတွေအတွက် ပဲပင်ပေါက်ကို အရသာတစ်မျိုးနဲ့စားလို့ရအောင် ၀ိုက်ဖီက ပြင်ဆင်ထားပါတယ်။ ပဲပင်ပေါက်ကိုအချဉ်စိမ်ထားတဲ့ပဲတီချဉ်ကိုချဉ်ချဉ်စပ်စပ်လေးကြော်ထားတာပါ။
ဈေးထဲက၀ယ်လာတဲ့ပဲတီချဉ်ကို ၁၅၀ ကျပ်ဖိုးလောက်ဝယ်ပြီးကြော်မှာဖြစ်တဲ့အတွက် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူပဲလိုပါတယ်။အရင်ဆုံးကြက်သွန်ဖြူကို ဆီသတ်ပြီးပဲတီချဉ်ထည့် ငရုတ်သီးစိမ်းညှပ်ထည့်လိုက်ရုံပါပဲ။ ပဲတီချဉ်မှာ အငန်ဓာတ်ပါပြီးသားမို့ ဘာမှထပ်ထည့်စရာမလိုတော့ပါဘူး။ ကြက်သားမှုန့်နည်းနည်းထည့်ပြီးတော့ ကြက်သွန်မြိတ်ရှိရင် ကြက်သွန်မြိတ်အုပ်ပြီးချလို့ရပါတယ်။ပဲတီချဉ်ကို တို့စရာအနေနဲ့ ဒါမှမဟုတ်အသုပ်တွေ ပဲဟင်း တွေနဲ့တွဲဖက်စားလေ့ရှိပေမယ့် ဒီလိုလေးကြော်လိုက်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာပိုရှိသွားမှာပါ။
|
No comments:
Post a Comment