Wednesday, October 29, 2014

ဝက်သားမုန်ညှင်းစော





ဝက်သားမုန်ညှင်းစော
**************

ဝက်သား(သုံးထပ်)...............၅၀ ကျပ်သား
မုန်ညှင်းစိမ်း(အဖူးအညွှန်.).....၂ စည်း
ကြက်သွန်နီ........................၃ လုံး
ခရမ်းချဉ်သီး........................၃ လုံး
ကြက်သွန်ဖြူ+ချင်းထောင်း......၁ ဇွန်း
စိမ်းစားငပိ...........................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
မကျည်းသီးမှည့်.....................၁ ဇွန်း
ဆား( သို.) ငါးငံပြာရည်...........လိုအပ်သလို
သကြား...............................၁ ဇွန်း


ဝက်သားသုံးထပ်သားတွေကိုရေဆေး..၁လက်မခွဲအရွယ်လေးတွေတုံးပြီး
ချင်းထောင်းအရော၊ ကြက်သွန်နီ ၂ လုံးတို.နဲ.ရောပြီး..နနွင်းမှုန်.လေးပါသည်ဆိုရုံထည့်ပြီး...ဆီ ၁ဇွန်းလောက်နဲ.
လုံးချက်ပါ။။။

ထိုစဉ်အတွင်း..မုန်ညှင်းစိမ်းများကိုရေဆေးသန်.စင်ပြီး..ကျန်တဲ့ကြက်သွန်နီ
ခရမ်းချဉ်သီး..နှင့် ငပိစိမ်းစားးတို.ကိုရောပြီး...မုန်ညှင်းစိမ်းများနွမ်းသွားသည်
အထိ..သီးသန်.လုံးချက်ပါ။

မုန်ညှင်းတွေနွမ်းသွားပြီဆိုရင်တော့..လုံးချက်ထားတဲ့..၀က်သားတွေကိုရော
ပေါင်းထည့်ကာ...ရေ၁လီတာလောက်ဖြည့်စွက်ပြီး..မီးအေးအေးနဲ.အဖုံးပိတ်
ချက်ပါ...။

ဆား(သို.) ငံပြာရည်၊ သကြား၊ မကျည်းသီးအနှစ်တို.နှင့်အရသာသွင်းပြီး
ဝက်သားရော..မုန်ညှင်းပါဆတူနှူးအိသွားသည်အထိ...မီးအေးအေးနဲ.ပဲ
ချက်ပါ..။

သတိပြုရမှာက..မီးအေးဖို.လိုသလို...ပာင်းရည်ကျအောင်ချက်မှသာ..
အရသာပြည့်ဝတဲ့..၀က်သားမုန်ညှင်းစောကို ရရှိမှာဖြစ်ပါတယ်..။

ငရုတ်သီးဆားထောင်းလေးနဲ.အလိုက်ဖက်ဆုံးပါ..။

No comments:

Post a Comment