Wednesday, October 29, 2014

ဆိတ်သား ၊အာလူးနှင့်ဘိုစားပဲနှပ်




ကျွန်တော်က ..ဒီနေ. ထိုင်းမှာ အိန္ဒိယက၀င်လာတဲ့ဆိတ်သား စည်သွပ်ဗူး
တွေ.လို.အာလူး..ဘိုစားပဲရောပြီးချက်စားပါတယ်..။

ဆိတ်သားချက်နည်းက အရင်တင်ပေးပြီးဖြစ်ပေမယ့်..မဖတ်လိုက်ရသေးသူအတွက်ပါရည်ရွယ်ပြီး..
အသစ်ပုံစံမျိုးပြန်တင်ပေးလိုက်ပါတယ်..။

ဆိတ်သား ၊အာလူးနှင့်ဘိုစားပဲနှပ်
**********************

ဆိတ်သား (ပေါင်သား (သို.) လက်ပြင်အောက်သား...........၁/၂ ကီလို
ကြက်သွန်နီ..................................၃ လုံး (ပါးပါးလှီး)
ကြက်သွန်ဖြူ+ချင်း.........................အနည်းငယ်စီ ( ရောပြီးညှက်အောင်ထောင်း)
ဒိန်ချဉ်.........................................၂ ဇွန်း( ထမင်းစားဇွန်း)
ဇီယာ+ နံနံစေ့ + မုန်ညှင်းစေ့ + ဖာလာ..၂ ဇွန်း( လှော်ပြီးညှက်နေအောင်ထောင်း)
ငရုတ်သီးခြောက်တောင့်.................... ၇ တောင့်(အစေ့ထုတ်ပြီးညှက်နေအောင်ထောင်းပါ)
ဆီ.....................................အနည်းငယ်
ကရဝေးရွက်+ သစ်ကြပိုးခေါက်...အနည်းငယ်ဆ
စပါးလင်............................၂ ချောင်း(အဖြူရောင်အပိုင်းသာ)

ရောရန်
*****
အာလူး.........အနည်းငယ်
ဘိုစားပဲ........အနည်းငယ်

ဆိတ်သားတွေကို အဆီ၊အကြောတွေဖယ်ထုတ်သန်.စင်ပြီးမိမိနှစ်သက်သလောက်
အနေတော်အတုံးများတုံးပြီး..ဆား၊ မန်ကျည်းသီးမှည့်ရည်အနည်းငယ်နှင့်နယ်ပြီးရေဆေးပြီးစစ်ထားပါ..။

ဆိတ်သားထဲသို. ဆား၊ သကြားအနည်းငယ်၊ နနွင်းမှုန်. ၊ ထောင်းထားသောငရုတ်သီးမှုန်.စစ်စစ်၊ ဒိန်ချဉ်၊ ရောထောင်းထားသောအရောမဆလာ၊ ကြက်သွန်ဖြူ၊ ချင်းရောထောင်းတိုနှင့် ရောနယ်ပြီးအနည်းဆုံး (၃)နာ၇ီခန်.ကြိုတင်နှပ်ထားပါ။

၃နာရီခန်.ပြည့်လျှင် တော့.ဒယ်အိုးတစ်လုံးမှာဆီ(ထမင်းစားဇွန်း၅ ဇွန်းခန်.) ကိုအပူပေးပြီးကြက်သွန်နီကိုဆီသတ်ပါ...။ကြက်သွန်နီရွှေအိုရောင်မရခင်ကာလအတွင်းစပါးလင်၊ ကရဝေးရွက်၊သစ်ကြပိုးခေါက်တို.ကိုပါထည့်သွင်းဆီသတ်ပါ..။

ကြက်သွန်နီရွှေအိုရောင်ရလျှင်...ဆိတ်သားများပေါင်းထည့်ပြီး...၁၀ မိနစ်ခန်. အဆက်မပြတ်မွှေပေးပြီးလုံးချက်..ချက်ပါ....။

ကြက်သွန်နီများပျော်ဝင်လျှင်...ရေအနည်းငယ်ဖြည့်စွက်ပြီး(၃)ကြိမ်၊ (၄)ကြိမ် ရေခမ်းသည်အထိပြန်လည်ချက်ပေးပါ..။

ထိုအချိန်မှာ..အာလူးနဲ.ဘိုစားပဲကို ဆီအနည်းငယ်နှင့် အိုးကင်းတိုက်ပုံစံမျိုး
ကြော်ပြီးဆိတ်သားနှပ်ထဲကိုပေါင်းထည့်ပါ( ဒီလိုကြော်ထားခြင်းဖြင့် အနှူးမြန်သလိုကြေမွမှုကိုကာကွယ်ပေးပါတယ်)

သတိပြုရမှာက..ရေတွေကိုအများကြီးထည့်ပြီးချက်ပြုတ်တာပာာ..အသားနှူးပေမယ့်တကယ်တမ်းပာင်းကျက်လာပြီဆိုရင်ကြေမွှသွားတတ်ပါတယ်

ဒါကြောင့်..ဆီကိုအားပြုပြီး..ကြော်ချက်လိုပုံစံ..လုံးချက်..ချက်ပေးရပါတယ်...
ဒါမှသာ..အသားကနှူးအိပြီး..မိမိတုံးထားတဲ့အသားပုံမပျက်ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment