Chaw Su's Food Friendsさんが写真9枚を追加したで。
ဒိန်ချဉ် (yogurt) လေး လုပ်ရအောင်
(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းေ၇ာင်) စာမျက်နှာ ၁၂၂-၁၂၃ မှာပါပြီးသားလေးပါ။)
(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းေ၇ာင်) စာမျက်နှာ ၁၂၂-၁၂၃ မှာပါပြီးသားလေးပါ။)
ဒိန်ချဉ်လုပ်မယ်ဆိုပြီး လိုအပ်တာလေးမှာ ဒိန်ချဉ်ပါနေလို. ဘာကြီးပါလိမ့်လို. မထင်ကြနဲ.ဦးနော်…း)။
ဒိန်ချဉ်စလုပ်ဖို.ဆိုရင် ကျွန်မ သိတဲ့ ၂ နည်းကတော့ လတ်လတ်ဆတ်ဆတ် ဒိန်ချဉ်ကို သုံးတာနဲ.၊ dry yogurt starter ဆိုတဲ့ အမှုန်.ကို သုံးပြီးလုပ်တာပါ။ dry yogurt starter က ဝယ်ဖိုခက်ခဲတာမို. လတ်လတ်ဆတ်ဆတ်ဒိန်ချဉ်နဲ. လုပ်တဲ့ နည်းကိုသုံးလိုက်ပါတယ်။ လတ်လတ်ဆတ်ဆတ်၊ သန်.သန်.ပြန်.ပြန်. စားရပြီး၊ တစ်ခါလုပ်ထားပြီးရင် နောက်ထပ်ဘယ်တော့မှ ဒိန်ချဉ်ဝယ်ဖို. မလိုတော့တာမို. ဒိန်ချဉ်ဆိုင်တွေ အမြင်ကပ်မယ့်နည်းလေးပါ။
full cream milk, low fat milk ကြိုက်နှစ်သက်ရာကိုသုံးနိုင်ပါတယ်။ ကျွန်မကတော့ စိမ့်တာကိုကြိုက်တဲ့အတွက် full cream milk ကိုသုံးပါတယ်။ yogurt ကိုလည်း စိမ့်တဲ့ အမျိုးအစားကို သုံးထားပါတယ်။
** ဒိန်ချဉ်လုပ်ဖို. အတွက် လိုအပ်တာလေးတွေ…
၁. milk – 1000 ml
၂. plain yogurt – 2 tbsp (မအေးတော့ပဲ ပျော်နေစေရန် ရေခဲသေတ္တာထဲမှ ၂ နာရီခန်. ကြိုထုတ် ထားပါ။)
၂. plain yogurt – 2 tbsp (မအေးတော့ပဲ ပျော်နေစေရန် ရေခဲသေတ္တာထဲမှ ၂ နာရီခန်. ကြိုထုတ် ထားပါ။)
နွားနို.ကို မကပ်နိုင်တဲ့ အိုးထဲထည့်ပြီး medium heat ဖြင့် အောက်ခြေကို ဂျိုးများ မကပ်အောင် မွှေကျိုပေးပါ။
နွားနို.စဆူလာပြီးနောက် မလိုင်များတက်လာအောင် နောက်ထပ် ၅ မိနစ်ခန်. ဆက်ဆူခိုင်းပြီးလျှင် မီးဖိုမှဖယ်ပါ။
၁၅ မိန်ခန်.ကြာလျှင် နွားနို.ထဲ လက်ညှိုးလေးထဲ့ပြီး စမ်းကြည့်ပါ။
အရမ်းမပူတော့ပေမယ့် အတော်လေးနွေးတဲ့ အနေအထားဆိုရင် yogurt ကိုထည့်ပြီး နှံ.သွားအောင် မွှေပေးပါ။ (ညင်ညင်သာသာမွှေပေးပါ။)
ဒိန်ချဉ်များအားလုံးကို ပျော်သွားအောင် ဖျော်ပြီးလျှင် နွေးနေသော နွားနို.ဒိန်ချဉ်ရည်ကို ဗူးထဲထည့်ပါ။
ဒိန်ချဉ်များအားလုံးကို ပျော်သွားအောင် ဖျော်ပြီးလျှင် နွေးနေသော နွားနို.ဒိန်ချဉ်ရည်ကို ဗူးထဲထည့်ပါ။
ထို.နောက် အဖုံး ဖုံးပြီး စောင်ခပ်ထူထူနှင့် ထုတ်ကာ နွေးသောနေရာမှာ ၅ နာရီခန်.ထားပါ။ ပိုချဉ်တာကြိုက်လျှင် ၆ နာရီ ထားပါ။
ထို နာရီ အတောအတွင်း ဒိန်ချဉ်ဗူးကို လုံးဝ မရွှေ.၊ မလှုပ်ပါနှင့်။ (ဒိန်ချဉ်များ ကြေပြီး မလှ၊မပ ဖြစ်တတ်ပါတယ်။)
၅ နာရီကြာပြီးနောက် စောင်ကိုဖြည်ပြီး ရေခဲသေတ္တာ (freezer မဟုတ်)ထဲ ၁၀ နာရီ ထည့်ထားပြီးလျှင် သန်.ရှင်းလတ်ဆတ်ကာ စိမ့်လှသော ဒိန်ချဉ်လေးကို နည်းမျိုးစုံဖြင့်အသုံးပြုနိုင်ပါပြီ။
နောက်တစ်ခါ ဒိန်ချဉ်လုပ်ရန်အတွက် ဒိန်ချဉ် (2 tbsp) ကို ဖယ်ပြီး ဗူးသန်.သန်.ထဲ ထည့်ပြီး သိမ်းထားပါ။




No comments:
Post a Comment