Thursday, October 30, 2014

ကြက်သားနှင့်လက်ဖက်နှပ်ချက်




ဝက်သားနဲ.လက်ဖက်နှပ်ချက် ၊ ကြက်သားနဲ.လက်ဖက်နှပ်ချက်ဆိုတာ..
အခုနောက်ပိုင်းရေပန်းစားလာတဲ့..ဟင်းတစ်မျိုး ဖြစ်လိမ့်မယ်လို.ယူဆပါ
တယ်...။အခြားသောနိုင်ငံမှာနေပြီး..တတ်နိုင်သလောက်မြန်မာဟင်းတွေကို
လေ့လာပေမယ့်..အွန်လိုင်းပေါ်မှာမြန်မာဟင်းပြည့်ပြည့်စုံစုံလေ့လာဖို.တော့
ခက်ခဲနေပါသေးတယ်...။

ကျွန်တော့်ကိုယ်ပိုင် time line ကညီမလေးလဲဖြစ်..ဒီပေ့ခ်ျရဲ.၀ါသနာရှင်လည်း
ဖြစ်တဲ့...Myint Myint Kyi ဆီသေချာလေးလေ့လာမေးမြန်းပြီးမှ..ဝေမျှပါတယ်.။ကျွန်တာ့်အတွက်ကတော့
အသစ်ဖြစ်လို.နေပါတယ်..။

ကြက်သားနှင့်လက်ဖက်နှပ်ချက်
********************

ကြက်သား..............၅၀ကျပ်သား
ကြက်သွန်နီ............၃ လုံး
ချင်း+ကြက်သွန်ဖြူ....အနည်းငယ်
ဆား+ ဟင်းခတ်မှုန်...သင့်ရုံ
နနွင်း+အရောင်တင်...အနည်းငယ်စီ

လက်ဖက်ချဉ်စပ်နှပ်ရန်
**************
လက်ဖက်...............၁၅ ကျပ်သား
ငရုတ်သီးစိမ်း..........၁၀တောင့်
ကြက်သွန်ဖြူ............၅ တက်
သံပုရာသီး..............၂ လုံး
ဆား +ဟင်းခတ်မှုန်. ..လိုအပ်သလို
ဆီသန်.သန်. ...........၁ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)

အထက်ပါဟင်းပွဲမချက်မှီ..လက်ဖက်ကိုကြိုပြီုးနှပ်ထားရပါမယ်..ဒီဟင်းပွဲအ
တွက်သာမက..အခြားနေရာများလည်းအသုံးပြုနိုင်ပါမယ်..။

လက်ဖက်အသား(အညွှန်.) တွေကိုရေဆေး (ခါးရည်ကုန်သည်အထိ) ပြီး
စစ်ထားပါ.။

ရေကိုပြောင်စင်နေအောင်ညှစ်ထုတ်ပါ( ရေကျန်ပါကလက်ဖက်များမှို လိုက်တတ်ပါသည်)

ဇလုံတစ်ခုထဲမှာ..ငရုတ်သီးစိမ်းပါးပါးလှီး ၊ ကြက်သွန်ဖြူ ထောင်း(သို.) ပါးပါး
လှီးတို.နဲ.အတူ ဆား + ဟင်းခတ်မှုန်. သံပုရာရည်တို.ထည့်ပြီး..သမအောင်
နယ်ပါ...။

နောက်ဆုံးဆီလောင်းထည့်ပြီး..နှံ.အောင်နယ်ကာ ပုလင်းလွတ်တစ်လုံးမှာ
ထည့်ပြီး(၃) ရက်ခန်.နှပ်ထားရင်းးစားသုံးဖို.အသင့်ဖြစ်တဲ့လက်ဖက်ချဉ်စပ်
လေးရပါပြီ...။

ချက်မယ်ဆိုရင်တော့..ကြက်သားကိုသန်.စင်ရေဆေးပြီး..အနေတော်အတုံးများတုံးကာကြက်သွန်နီ ၊ ထောင်းထားတဲ့ချင်း+ကြက်သွန်ဖြူ အရော ၊ ဆား+
ဟင်းခတ်မှုန်. ၊ နနွင်းအရောင်တင်တို.နှင့်လုံးချက်ချက်ပါ။

ဆီပြန်လာပြီဆိုမှရေအနည်းငယ်လိုက်ကာ..ကြက်သားတွေ၃ ပုံ ၂ ပုံနှူး လောက်ပြီဆိုမှ..နှပ်ထားတဲ့လက်ဖက်ချဉ်စပ်အရောကိုထည့်ပေါင်းပြီး
နှပ်ချက် ချက်ပါ။

ဆီကျန် ရေကျန် အနေအထားလေးမှာမီးဖိုပေါ်မှချကာ..သုံးဆောင်နိုင်ပါသည်။

Photo Credit ...Myint Myint Kyi.

No comments:

Post a Comment